September 2023

Move Forward ပါတီခေါင်းဆောင်အဖြစ်ကနေ ဖိတာနုတ်ထွက်

ဘန်ကောက်၊ စက်တင်ဘာ(၁၆) ထိုင်းနိုင်ငံရဲ့ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်း ဆောင် ဖိတာလင်ဂျာရွတ်က ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ စက်တင်ဘာ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ စိန်ခေါ်သူလူငယ်တွေဦးဆောင်တဲ့ Move Forward Party (MFP) ပါတီဟာ ရွေးကောက်ပွဲမှာ ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါး စစ်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်မှုစနစ်အတွင်း မဲဆန္ဒရှင်တွေရဲ့…

စစ်ကောင်စီ ရေတလျောက်စခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က စက်တင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းဟာ KNU အုပ်ချုပ်နယ်မြေအရ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကော့ကရိတ်မြို့နယ်ထဲမှာ တည်ရှိပြီး အဲဒီစစ်ကောင်စီစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတွေက…

KNU ပြောခွင့်ရ ပဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းချက်

“ဒီတပ်မဟာမှူးအဆင့်ကို ခန့်အပ်လိုက်တာနဲ့ စစ်ရေးအခြေအနေက ပိုတိုးမြင့်လာဖို့ဆိုတာက တိုက်ရိုက်ကြီးသက်ရောက်လိမ့်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ မူဝါဒကရှင်းနေတာပဲလေ။ အထူးသဖြင့် စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းဖို့အတွက်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ထုတ်ရမှာရှိပြီးသား” ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၇)တို့ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတို့ကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့တာပါ။ KNLA တပ်မဟာမှူး…

အရပ်သားတွေအပေါ် ရန်သူသဖွယ်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူပေးဖို့ KNU ဖာပွန်ခရိုင်တောင်းဆို

ဖာပွန်၊ စက်တင်ဘာ(၁၅) ပြည်သူလူထုအပေါ် ရန်သူသဖွယ် ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံပစ်ခတ် သတ်ဖြတ်ရှင်းလင်းနေတဲ့ စစ်ကောင်စီအပေါ် ကမ္ဘာ့ကုလသမဂ္ဂ(UN) အပါအဝင် ကမ္ဘာ့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အရေးယူမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ KNU ဖာပွန်ခရိုင် အလုပ်အမှုဆောင်ကော်မတီက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေနဲ့ ရွာသူရွာသားတွေ နေထိုင်တဲ့နေရာတွေမှာ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပေါ် KNU ဖာပွန်ခရိုင် တပ်မဟာ(၅)က ဆန့်ကျင်တဲ့အကြောင်း…

ဖမ်းဆီးခံ ပေါင်ဒေသခံ ၁၂ ဦး တစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေး

ပေါင်၊ စက်တင်ဘာ(၁၅) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၂ ဦးဟာ တစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရတဲ့ ဥတ္တံတားကျေးရွာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့…

မရမ်းချောင်ဂိတ်မှာ အစစ်ဆေးတင်းကျပ်ထားလို့ လမ်းခရီးကြန့်ကြာမှုတွေဖြစ်ပေါ်နေ

ကျိုက်ထို ၊ စက်တင်ဘာ (၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားတွေနဲ့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာပထမအပတ်ကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ မော်တော်ယာဉ်တွေကို တန်းစီစောင့်ဆိုင်းခိုင်းကာ အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေ ပြုလုပ်နေသလို လူနဲ့ကုန်ပစ္စည်းတွေကိုလည်း အသေးစိတ်ကအစ…

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ်ဖို့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော်၊ စက်တင်ဘာ(၁၅) ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုထံပေးပို့တဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေလွှဲပြောင်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။ စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည်ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့လစာ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လတစ်ကြိမ် မဖြစ်မနေ လွှဲပြောင်းပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီအချက်ကို…

သိမ်ဇရပ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်နေလို့ ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေးနေရ

သိမ်ဇရပ်၊ စက်တင်ဘာ(၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက် ဆက်လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူလူထု ၂၅၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပေါက်တန်းကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ စက်တင်ဘာ ၉ ရက်နေ့ကစပြီး ခရွဲကျေးရွာထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတာပါ။…