September 2023

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်နေတာကို စစ်ကောင်စီက သည်းခံနိုင်ပုံမရဘူး။ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့သဘောထားကိုက မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ဝါဒဖြစ်တယ်။ သူတို့ကိုဆန့်ကျင်ရကောင်းလားဆိုပြီး ဆိုးဆိုးဝါးဝါးဖိနှိပ်တာ တွေ့ရတယ်” အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံတာရစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဝါးဆုံး ခံစားနေရပါတယ်။ တဖက်မှာတော့ အမျိုးသမီး ၃၅၀၀ နီးပါးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးဖိနှိပ် မှုတွေကို…

မုန်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

မုန်း ၊ စက်တင်ဘာ (၁၆) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက စက်တင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကစပြီး တိုက်ပွဲမရှိဘဲ…

စစ်အာဏာသိမ်း (၉၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၇၈) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၁၆) AAPP ရဲ့ စက်တင်ဘာ(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၅၇)ရက်အတွင်း ပြည်သူ (၄၀၇၈)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၇၇) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

သိမ်ဇရပ်ရဲစခန်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရ

ကျိုက်ထို ၊ စက်တင်ဘာ (၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်ရဲစခန်းကို စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီး ၄၀ မမ ၇…

လူမြင်ကွင်းက စစ်ခေါင်းဆောင်ပျောက်ဆုံးမှုနဲ့ လူဖမ်းပွဲဂယက်

နေပြည်တော်၊ စက်တင်ဘာ(၁၆) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရီးစဉ်ပြီးနောက် ဝါဒဖြန့်သတင်းစာနဲ့ ရုပ်သံတွေမှာ ၄ ရက် ဆက်တိုက် ပျောက်ချင်းမလှ ပျောက်ဆုံးနေပါတယ်။ စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေရဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း သတင်းဖော်ပြချက်တွေမှာတော့ သတင်းစာမျက်နှာဖုံးနဲ့ အတွင်းစာမျက်နှာတွေမှာ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်လှုပ်ရှားမှုတွေ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ ဒီရက်ပိုင်းအတွင်း…

INGO၊ NGO တွေကို စစ်ကောင်စီ ထပ်မံဖိအားပေး

နေပြည်တော်၊ စက်တင်ဘာ (၁၆) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ INGO၊ NGO အပါအဝင်ပြည်တွင်းရှိ အသင်းအဖွဲ့တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ကြဖို့နဲ့ မှတ်ပုံတင်ရာမှာလည်း ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက်ရယူကြဖို့ စစ်ကောင်စီဘက်က ထပ်မံဖိအားပေးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ INGO၊ NGO တွေကို ခေါ်ယူတွေ့ဆုံပြီး အခုလို ဖိအားပေးလာတာ…

ကျိုက်ထိုမှာ စစ်တပ်အငြိမ်းစားမိသားစု ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ကျိုက်ထို ၊ စက်တင်ဘာ (၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နေ ဒုဗိုလ်မှူးကြီးအငြိမ်းစား ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်ဟာ ကျိုက်ပိကျေးရွာအပါအဝင် မြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ဆက်စပ်နေတယ်ဆိုတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်ဟာ…

ခလယ်တံခွန်တိုင်တိုက်ပွဲကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေရ

ကြာအင်းဆိပ်ကြီး – စက်တင်ဘာ (၁၆) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၃ ရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ KNU တပ်မဟာ(၆) အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး…

ထိပ်တန်းလူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်

ဒါကာ၊ စက်တင်ဘာ (၁၆) ဘင်္ဂလားဒေ့ရှ်မှာ လာမယ့်ရွေးကောက်ပွဲမတိုင်ခင် အစိုးရရဲ့ဖြိုခွင်းမှုတစ်ရပ်အနေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူနှစ်ဦးကို ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက အိုဒီကာအဖွဲ့အစည်းမှ ခေါင်းဆောင်တွေဖြစ်ကြတဲ့ အဒယ်လုရမ်မာခမ်နဲ့ နာဆယ်ရူဒီအယ်လန်တို့ကို ထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်ကြောင်း တရားသူကြီးက တရားရုံးမှာ ပြောကြား ခဲ့တာပါ။ အသက် (၆၃) နှစ်အရွယ် ခမ်းနဲ့ (၅၇) နှစ်အရွယ်…

နီပါဗိုင်းရပ်စ်ပိုးကြောင့် အိန္ဒိယမှာ လူနှစ်ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတွင်းရောဂါကူးစက်ထိန်း ချုပ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်

နယူးဒေလီ၊ စက်တင်ဘာ (၁၆) အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ် ကီရာလာမှာ Nipah နီပါဗိုင်းရပ်စ် ကူးစက်ခံရလို့ လူ ၂ ဦးသေဆုံးပြီး နောက်ပိုင်း လူစုလူဝေးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်ပစ်ထားလိုက်ပါတယ်။ ကူးစက်ရောဂါဖြစ်စေတဲ့ အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေ ဒါမှမဟုတ် ဝက်တွေကနေတဆင့် ထွက်ပေါ်လာတာ ဖြစ်ပြီး သေစေနိုင်လောက်တဲ့ အဖျားရောဂါကို ဖြစ်ပေါ်စေတယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ(၁၄) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။…