September 2023

စစ်ကောင်စီတပ်ရဲ့စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ KNU ပြော

မော်လမြိုင်၊ စက်တင်ဘာ(၁၇) အခုလတည်းမှာပဲ တပ်စခန်း ၃ ခုအထိ ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာအပြင် စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ KNU အုပ်ချုပ်နယ်မြေတွေမှာရှိတဲ့ စစ်ကောင်စီ သစ်ချဆိပ်စခန်း၊ ဆာလော်ကျိုးခေးပူစခန်းနဲ့ ရေတလျောက်တပ်စခန်း ၃ ခုကို စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း…

ငွေဈေးတွေပြန်ကျနေပေမယ့် စက်သုံးဆီဈေးနှုန်းထပ်တက်လာ

မော်လမြိုင်၊ စက်တင်ဘာ(၁၇) နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စက်သုံးဆီဈေးဟာ နေ့စဉ်ဆိုသလို ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမြင့်ပိုင်းမှာပဲရှိခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေးတွေဟာ စက်တင်ဘာပထမအပတ်ကစပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၉၀၀ ကနေ ကျပ် ၃၄၀၀ ကျော်အထိ ဈေးနှုန်းကျဆင်းလာသလို ထိုင်းဘတ်ငွေဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၉၉ ကျပ်နီးပါးအထိ…

မွန်ပြည်နယ်မှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချမှုရှိမရှိ စစ်ဆေးနေပြီး ဆိုင်တင်ရောင်းဖို့ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ (၁၇) မွန်ပြည်နယ်အတွင်းရှိ ကုန်စုံဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းချထားမှု ရှိမရှိ စစ်ဆေးတာတွေ ပြုလုပ်နေပြီး မဖြစ်မနေ ဆိုင်တင်ရောင်းချကြဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတယ်လို့ ဆိုင်ပိုင်ရှင်တွေနဲ့ မြို့ခံတွေဆီက သိရပါတယ်။ အခုရက်ပိုင်းအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နဲ့ ရေးမြို့နယ်တို့မှာ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေဟာ ရဲ၊စစ်တပ်တွေရဲ့ လုံခြုံရေးအကာအကွယ်နဲ့ မြို့ပေါ်နှင့် ကျေးရွာတချို့က…

ကျိုက်ထိုနဲ့သထုံမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် ၆ ဦး ဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ(၁၇) မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့သထုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲရဲစခန်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ်…

ပုလောမြို့နယ် လက္ကူးရွာကို စစ်တပ်မီးရှို့နေ

ပုလော၊ စက်တင်ဘာ(၁၇) နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး လက္ကူးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာ…

အကျင့်ပျက်ခြစားမှုနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး စုံစမ်းစစ်ဆေးခံနေရ

ဘေဂျင်း၊ စက်တင်ဘာ (၁၇) လူမြင်ကွင်းကနေ နှစ်ပတ်ကြာပျောက်ကွယ်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်း မြစ် ၁၀ ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တရုတ်စစ်ရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတဲ့ ဒေသန္တရလုံခြုံရေး အာဏာပိုင်တွေရဲ့ပြောဆို ချက်တွေအရ မစ္စတာလီ စစ်ဆေးခံရတဲ့ ကိစ္စရပ်ဟာ စစ်လက်နက် ဝယ်ယူရေးနဲ့ဆက်စပ် နေတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့…

မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ရှိုးမန်းနီးနဲ့ ကျန်းမာရေးအာမခံစစ်ဆေးမယ်

ဘန်ကောက်၊ စက်တင်ဘာ(၁၇) မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ခွင့်အတွက် အမေရိကန်ဒေါ် လာငွေသားနဲ့ ကျန်းမာရေးအာမခံရှိမရှိစစ်ဆေးမယ်လို့ မြန်မာအစိုးရကကြေညာထားကြောင်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံထဲကို ရက်ပေါင်း(၁၄)ရက်ကြာ ဝင်ရောက်လည်ပတ်မယ့် နိုင်ငံခြားသားတွေအနေနဲ့ လေဆိပ်ကို ဆိုက်ရောက်လာတဲ့အခါမှာ အဲဒီစစ်ဆေးမှုကိုခံယူဖို့ပြင်ဆင်ထားသင့်ကြောင်း မြန်မာအာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ ထိုင်းသံရုံးက စက်တင်ဘာ(၁၄)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူတွေအနေနဲ့ ကိုဗစ်၁၉ကုသမှုအတွက် ခြုံငုံမိစေမယ့် ကျန်းမာ ရေးအာမခံရှိထားရမယ်လို့လည်း…

အပန်းဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုကို လုံးဝသဘောမတူဘူးလို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ စက်တင်ဘာ (၁၇) အပန်းဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုကို လုံးဝဆန့်ကျင်ကြောင်းနဲ့ သူ့ရဲ့အုပ်ချုပ်ရေး အဖွဲ့ အနေနဲ့လည်း ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက်သာ သုံးစွဲဖို့ မူဝါဒတွေ ချမှတ်သွားမယ် လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်မှ ကန့်သတ်ဖယ်ရှားလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့တာပါ။ “ဆေးခြောက်မူဝါဒကို ဆေးဘက်ဆိုင်ရာသုံးဖို့အတွက်ပဲ ဆက်လက်လုပ်ဆောင်မှာပါ။ အပန်းဖြေရေးအတွက်…