မုန်းမှာစစ်ကြောင်းဝင်လာလို့ ဒေသခံထောင်ချီ ထပ်မံထွက်ပြေးနေရ
မုန်း၊ စက်တင်ဘာ(၁၉) ကရင်အမျိုသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံဦးရေ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က KNU မုန်းမြို့နယ်၊ ငထွေစုတ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာထဲကို ဝင်ရောက်လာတဲ့အချိန်…