September 2023

ပေါင်မှာ စစ်ထောက်လှမ်းရေး သတင်းပေးတစ်ဦး ပစ်သတ်ခံရ

ပေါင် – စက်တင်ဘာ(၂၁) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအနီးရှိ ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က စစ်ထောက်လှမ်း ရေး သတင်းပေးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မုတ္တမကနေ အုန်းတပင်ကျေးရွာကို တစ်ဦးတည်း ကားမောင်းပြီး ပြန်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) သတင်းပေး…

ကယားမှာ အမျိုးသမီးရဲဘော်တွေပါ ပြည်သူတွေရဲ့ လုံခြုံရေးဆောင်ရွက်ပေးနေ

လွိုင်ကော် – စက်တင်ဘာ(၂၁) ကယားပြည်နယ်မှာ အမျိုးသမီးရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုံခြုံရေးအရ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း-၁၂က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေဟာ လက်နက်ကိုင်တိုက်ပွဲဝင်မှုတွေနဲ့ အတူ နောက်တန်းတာဝန်တွေဖြစ်တဲ့ ထောက်ပို့၊ ဘဏ္ဍာငွေရှာဖွေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရုံးပိုင်းဆိုင်ရာ စာရင်းပြုစုမှုတွေမှာ ပါဝင်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အမျိုးသားရဲဘော်တွေနဲ့တန်းတူ…

မကွေးမှာ စစ်ပညာမွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

မကွေး – စက်တင်ဘာ(၂၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စစ်ပညာမွမ်းမံ သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲကို မကွေးတိုင်းအတွင်းက NUG ထိန််းချုပ်နယ်မြေ မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉) ရက်နေ့ကသင်တန်းဆင်းအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး မကွေး တိုင်း PDF တာဝန်ခံနဲ့ ခရိုင်ရေးထောက် တာဝန်ခံတွေ၊ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြပြီး PDF အလံတော်ကို…

တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် ကွယ်လွန်

မော်လမြိုင် ၊ စက်တင်ဘာ (၂၁) တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်ဟာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ နိုင်သက်လွင်ဟာ အမျိုးသားဒီမိုကရေစီအစိုးချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ…

ညီညွတ်သောဒီမိုကရက်တစ်မျိုးဆက်များအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမြတ်ကျော် နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခငွေကို ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တယ်လို့ တည့်တည့်ပဲမြင်တယ်” ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုထံပေးပို့တဲ့ လုပ်ခလ စာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေ လွှဲပြောင်းရမယ်လို့ စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။ စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည် ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့ လစာ ၂၅…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်သေဆုံးနိုင်

ကျိုက်ထို၊ စက်တင်ဘာ(၂၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်…

ကျိုက်ဒုံနဲ့ကျုံဒိုးမြို့မှာ လက်နက်ကြီးကျလို့ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ

ကျုံဒိုး၊ စက်တင်ဘာ(၂၁) ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နဲ့ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က စက်တင်ဘာ ၂၀ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့…

စစ်အာဏာသိမ်း (၉၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၁) AAPP ရဲ့ စက်တင်ဘာ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၆၂)ရက်အတွင်း ပြည်သူ (၄၀၉၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

စစ်ကောင်စီတပ်မှာ အခုလအတွင်း တပ်ပြေးပိုများလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၁) တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်မှာ အခုစက်တင်ဘာလအတွင်း တပ်ပြေးတွေပိုများလာတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေအတွင်း ထွက်ပြေးတာ၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်တာ၊ အကြောင်းအမျိုးမျိုးပြပြီး တပ်တွင်းကနေ ထွက်ပြေးတာတွေပါ ရှိလာခဲ့ပါတယ်။ သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်အရာရှိပိုင်းတွေရဲ့ ဖိနှိပ်မှု၊ တပ်တွင်းစည်းကမ်းချက်တွေ ပိုမိုတင်းကျပ်လာတာ၊ မိသားစုစားဝတ်နေရေး ခက်ခဲတာ၊ ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့အတွက်…