လန်ဒန်၊ စက်တင်ဘာ (၃၀) 

ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆွန်နက်ဟာ အခုလအစောပိုင်းက G20 ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ် မြန်မာစစ်တပ်ကို အိန္ဒိယရဲ့ လက်နက်ရောင်းချမှုနဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့ခြင်းမရှိပါဘူးလို့ ဗြိတိန်ပါလီမန်က မေးခွန်းထုတ်မှုကို ပြန်လည်ဖြေကြားခဲ့ပါ တယ်။ 

အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ဆက်စပ်ပစ္စည်းကိရိယာတွေ ရောင်းချပေးနေတဲ့ အရေးပါတဲ့ နိုင်ငံအ နည်းစုထဲမှ တစ်ခုဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ စင်ကာပူတို့လည်း ပါဝင်တာဖြစ် ပါတယ်။ 

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွင်း အရပ်သားပြည်သူတွေ ကို တိုက်ခိုက်ဖို့ တားမြစ်ထားတဲ့ လက်နက်တွေ အသုံးပြုခဲ့ပြီး လူပေါင်း ၂ သန်းကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာခဲ့ထွက်ပြေးရကာ ကျောင်းတွေနဲ့ဆေးရုံတွေကိုလည်း ဗုံးခွဲတိုက်ခိုက် ခဲ့ပြီး လူပေါင်း (၂၅၀၀၀) နီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

အိန္ဒိယအခြေစိုက်အဖွဲ့တွေက မြန်မာစစ်တပ်သို့ ဒေါ်လာ (၅၁) သန်းတန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို အိန္ဒိယက ရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အခုနှစ်အစောပိုင်းက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ပြီးနောက် အိန္ဒိယမှ လက်နက်တွေ ဆက်လက်ရောင်းချနေခြင်းအပေါ် ဝေဖန်ပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက နောက်ပိုင်းမှာ စစ်တပ်ရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် ဖော်ပြခဲ့ပါတယ်။ 

“ဝန်ကြီးချုပ်နဲ့ မိုဒီတို့ကြား အပြင်အလှန်ဆွေးနွေးမှုတွေက ကုန်သွယ်ရေးကနေ ပညာရေး၊ သုတေသနနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအထိ ဗြိတိန်-အိန္ဒိယတို့ ဆက်ဆံရေးတစ်ခုလုံး လွှမ်းခြုံနိုင်ခဲ့ပါတယ်၊ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာမရှိပေမယ့် ဒီကိစ္စကို နှစ်ဖက်စလုံးက ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်” လို့ ပါလီမန်လွှတ်တော်အမတ် အီမရန်ဟူစိန်အား စက်တင်ဘာ ၂၂ ရက်က စာဖြင့်ဖြေကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး အန်နီမာရင်းက ပြောခဲ့ပါတယ်။

 “မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ပြည်သူ့စစ်တွေက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ထိတ်လန့်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု တွေက ကမ္ဘာမှာ မြင်တွေ့ခဲ့ရတဲ့ အကြီးမားဆုံး ဒုက္ခသည် အကျပ်အတည်းတွေကို ဖန်တီးခဲ့ပြီး ရိုဟင်ဂျာမိသားစု အတော်များများ သေကြေ ထိခိုက်ပျက်စီးခဲ့ရပေမယ့် တချို့နိုင်ငံတွေက မြန်မာစစ်အစိုးရကို လက်နက်ကိရိယာတွေနဲ့ ထောက်ပံ့နေကြဆဲဆိုတာ မယုံနိုင်စရာပါပဲ” လို့ ဘရက်ဖို့ပါလီမန်အမတ် အီမရန်ဟူစိန်က ပြောဆိုခဲ့ပါတယ်။ 

“ဒီတစ်ပတ်ကပဲ အရပ်သားတွေကို မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာ အာဏာပိုင်တွေရဲ့ ပျက်ကွက်မှုတွေနဲ့အတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထပ်မံ ကြားနာခဲ့ရပါတယ်။ 

မကြာသေးမီကတွေ့ဆုံခဲ့တဲ့ G20 ထိပ်သီးအ စည်းအဝေးမှာ မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့မှုဆိုင်ရာတင်ပြဖို့ အခွင့်အလမ်းကို ဝန်ကြီးချုပ်အနေ နဲ့ သူ့ရဲ့တာဝန်ကို ပျက်ကွက်ခဲ့ တာက ရှက်စရာပါ” လို့ အဲဒီအမတ်က ထပ်လောင်းပြောပါတယ်။ 

ဝန်ကြီးချုပ်ရီရှီဆွန်နက် တာဝန်မထမ်းဆောင်မီချိန်မှာ ဗြိတိသျှအစိုးရဟာ ဆားဘီးယား၊ ယူကရိန်းနဲ့ ဂျပန်တို့လို နိုင်ငံတွေကို မြန်မာစစ်တပ်ထံ လက်နက်ရောင်းချမှု အဆုံးသတ်ဖို့ မိတ်ဖက်တွေနဲ့ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ 

“လူ့အခွင့်အရေးကိစ္စရပ်ထက် ဆွန်နက်က စီးပွားရေးအခွင့်အလမ်းတွေကို ဦးစားပေးလုပ်ဆောင်နေပြီး မိုဒီရဲ့ ပြည်တွင်းမှာအာဏာရှင်ဆန်လာခြင်း၊ နိုင်ငံတကာမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရတွေကို ပံ့ပိုးပေးခြင်းနှင့်အ တူ၊ စစ်မှန်သော ဒီမိုကရေစီနဲ့ အာဏာရှင်လက်အောက်က လွတ်မြောက်လိုတဲ့ မြန်မာပြည်သူလူထုကို စတေး ပြီး မိုဒီကို အောက်ကနေပြီး ချဉ်းကပ်ပုံရတယ်” လို့ ဘားမားကမ်ပိန်းယူကေရဲ့ ကမ်ပိန်းတာဝန်ရှိသူ ကရင်း ဗော်လ်တာဆန်က ပြောခဲ့ပါတယ်။ 

Ref: Burma Campaign UK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.