ဘန်ကောက်၊ စက်တင်ဘာ(၃၀) 

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လည်ပတ်လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု တွေ နဲ့ပတ်သက်ပြီး နိုင်ငံရဲ့ဝန်ကြီးချုပ်တွေ တွေ့ဆုံစဉ် ဆွေးနွေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

လိမ်လည်လှည့်ဖြားသူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေပြီး ထိုင်းလူထုအတွက် များစွာထိခိုက်နစ်နာ စေကာ အရေးပေါ်နှိမ်နင်းဖို့ လိုအပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ဆာရီထာ သာဗီဆင်က အခုသီတင်းပတ်မှာပဲ ဖနွမ်းပင်သို့သွားရောက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်သစ် ဟွန်မာနက်နှင့်လည်းတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ်အဖြစ် အခုလအစောပိုင်း မှစပြီး တရားဝင်တာဝန်ယူပြီးနောက် ပထမဆုံး အာဆီယံနိုင်ငံသို့ သွားရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ လိမ်လည်လှည့်စားနေတဲ့ လုပ်ငန်းအားလုံးကို တစ်ခုချင်းစီမဟုတ်ဘဲ အပြီးသတ် နှိမ်နင်းလို တယ်လို့ ဝန်ကြီးပန်ပရီက ဆိုပါတယ်။ 

ဒုတိယဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်တဲ့ ပန်ပရီဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ နယ်စပ်ခရိုင်သို့ သွားရောက်ခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတား တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ ဘတ် (၁၀၃.၆) ဘီလီယံရှိကြောင်းလည်း သူက အကျဉ်းချုံးပြောဆိုခဲ့ပါတယ်။ 

နယ်စပ်တလျှောက် စတုရန်းကီလိုမီတာ (၁၀၀) ခန့် ကျယ်ဝန်းတဲ့ဧရိယာအတွင်းမှာ မြေမြှုပ်မိုင်း ရှင်းလင်းဖို့ အတွက်လည်း တာဝန်ရှိတယ်လို့ တော်ဝင်တပ်မတော်ထံမှ ပြောဆိုချက်ကိုကိုးကား ပြီး ဝန်ကြီးက ရှင်းလင်း ပြောဆိုထားပါတယ်။ 

လက်ရှိအချိန်မှာတော့ နယ်စပ်တလျှောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေပြီး အခုအခါ (၅.၉) စတုရန်းကီလိုမီတာသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားဘက်ကတော့ ဒီကိစ္စကိုနှစ်ဖက်စလုံးရဲ့ အကျိုးစီးပွါးအတွက် ဘေးကင်းလုံခြုံတဲ့ ရိယာအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။ 

“ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်နယ်မြေဖွံ့ဖြိုးတိုးတက်ဖို့ အဆင်သင့်ဖြစ်နေပြီး အကြံဉာဏ်နဲ့ ပတ်သက်လို့ ဖနွမ်းပင် ကို မေးမြန်း သွားမှာပါ။ အဆင်ပြေရင် နှစ်နိုင်ငံစလုံးက စီးပွားရေးဇုန်အဖြစ် ဖော်ဆောင်နိုင်မှာပါ” လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ 

Ref: Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.