နီနာဗါ၊ စက်တင်ဘာ(၂၈) 

အီရတ်နိုင်ငံ နီနာဗါပြည်နယ်ရှိ ဟမ်ဒါနီယာခရိုင်မှာ မင်္ဂလာဆောင်ပါတီတစ်ခုအတွင်း မီးလောင် ကျွမ်းမှုဖြစ်ပွား ခဲ့သဖြင့် လူပေါင်း (၁၀၀)ကျော် သေဆုံးပြီး (၁၅၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ (၂၇) ရက်နေ့ မနက်အစောပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို အရပ်ဘက် ကာကွယ်ရေးမှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးက လူ ၁၁၃ ဦး သေဆုံးကြောင်း ရိုက်တာသတင်းဌာနသို့ အတည်ပြုခဲ့ပြီး နိုင်ငံပိုင်မီဒီယာကလည်း သေဆုံးသူ (၁၀၀) ထက်မနည်းရှိပြီး လူ (၁၅၀) ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ 

အခမ်းအနားအတွင်း မီးရှူးမီးပန်းတွေဖောက်ခဲ့တာကြောင့် ခန်းမကြီးတစ်ခုလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ 

မင်္ဂလာခန်းမပိုင်ရှင်တွေကို ဖမ်းဝရမ်း (၄) ခု ထုတ်ထားကြောင်း အီရတ်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောခဲ့ပြီး သမ္မတ အာဒူလာတီ ရာရှ်ရှီက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

“ခန်းမထဲက မီးတွေ တဟုန်းဟုန်းတောက်လာတာကို ငါတို့တွေ့လိုက်ရတယ်။ ထိန်းတဲ့သူတွေနဲ့ အနားမကပ် တဲ့သူတွေကတော့ လွတ်သွားတယ်” လို့ မီးလောင်မှုမှလွတ်မြောက်လာတဲ့ အသက် (၃၄) နှစ်အရွယ် အီမဒ် ယိုဟာနာက ပြောပါတယ်။ 

ပဏာမသတင်းအချက်အလက်တွေအရ အဆောက်အဦးဟာ မီးလောင်ရလွယ်ကူတဲ့ ဆောက် လုပ်ရေး ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာကြောင့် လျင်မြန်စွာ ပြိုကျခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆို ပါတယ်။ 

အီရတ်အာဏာပိုင်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသတို့မှ လူနာတင်ယာဉ်တွေနဲ့ ဆေးဘက် ဆိုင်ရာ ဝန်ထမ်းတွေကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါ တယ်။ 

မီးလာင်မှုဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ လူရာနှင့် ချီပြီး တက်ရောက်နေခဲ့ကြောင်း မျက်မြင်သက်သေတွေက ရိုက်တာသို့ ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.