FILE PHOTO: Taliban soldiers stand guard at the second-anniversary ceremony of the takeover of Kabul by the Taliban in Kabul, Afghanistan, August 15, 2023. REUTERS/Ali Khara/File Photo

ကာဘူးလ်၊ စက်တင်ဘာ (၂၈) 

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ မြို့အတော်များများမှာ အမေရိကန်တပ်တွေ ပြန်မဆုတ်မီ အသုံးပြုဖို့ စီမံရေးဆွဲထားတဲ့ အကြီးစားစောင့်ကြည့်ရေး ကင်မရာကွန်ရက်စနစ်ကို ဖန်တီးဖို့ ကြိုးစားလာပါတယ်။ 

ဒီဆောင်ရွက်မှုဟာ အမေရိကန်တပ်တွေ အာဖဂန်က ၂၀၂၁ တပ်ပြန်မရုတ်ခင်အထိ အမေရိကန်ဘက်မှ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ထောက်လှမ်းရေးအစီအစဉ်လည်း ဖြစ်ပါတယ်။ 

အာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ မြို့တော်ကာဘူးလ်တဝိုက် ကင်မရာအလုံးရေ ထောင်နဲ့ချီတပ်ဆင်ဖို့ နည်းလမ်းရှာဖွေနေကြောင်းလည်း တာလီဘန် ပြည်ထဲရေး ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

တာလီဘန်အုပ်ချုပ်ရေးရဲ့ လူသိရှင်ကြားပြောထားတဲ့အချက်ထဲမှာတော့ အစ္စလာမ်နိုင်ငံတော်မှာ လုံခြုံရေးကို ပြန်လည်ဆောင်ကျဉ်းဖို့နဲ့ အာဖဂန်မြို့တွေကို အဓိကထားဦးတည်တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေနဲ့အတူ ရန်ပြုလာတဲ့ အန္တရာယ်တွေ နှိမ်နင်းဖို့ ဦးတည်ထားတယ်လို့ သိရပါတယ်။ 

အဲဒီအစီအစဉ်ကို လုပ်ဆောင်ဖို့ တရုတ်ရဲ့Huawei ကုမ္ပဏီနဲ့ တိုင်ပင်ဆွေးနွေးနေပြီး အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အဲဒီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

အချို့သော လေ့လာသုံးသပ်သူတွေကတော့ ဒီအစီအစဉ်အတွက် ငွေအလုံအလောက်ရှိရဲ့လား ဆိုတဲ့ မေးခွန်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေကတော့ ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ဒီစောင့်ကြည့်ရေးစနစ် အသုံးပြုနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကိုလည်း ပြောကြားထားပါတယ်။ 

အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်ခြင်းအပါအဝင် အကြီးစားစောင့် ကြည့်ရေးစနစ် ချဲ့ထွင်ဖို့နဲ့ စီမံဖို့အတွက် တာလီဘန်အစိုးရ ဘယ်လိုဆောင်ရွက် မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါ ဘူး။ 

“အကြီးစောင့်ကြည့်ရေးကင်မရာတပ်ဆင်မယ့် အစီအစဉ်ဟာ ကာဘူးလ်နဲ့ အခြားနေရာတွေမှာရှိ ညတဲ့ အဓိက ပွိုင့်တွေပါဝင်မှာဖြစ်ပါတယ်၊ လုပ်ငန်းအကောင်အထည်ဖော်ဖို့ ၄ နှစ် အချိန်ယူရ မယ့် လုံခြုံရေးမဟာဗျူဟာသစ် ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်” လို့ တာလီဘန်ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 လက်ရှိအချိန်မှာတော့ ကာဘူးလ်ရဲ့လုံခြုံရေးမြေပုံကို လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေနဲ့ ရေးဆွဲဖို့ လုပ်နေသလို အချိန်အများကြီးလည်း ကြာမြင့်မှာဖြစ်တယ်လို့ သူကဆက်လက် ပြောကြားပါတယ်။ 

“ ကျွန်တော်တို့မှာတော့ မြေပုံ ၂ ခု ရှိပြီးသားပါ။ တစ်ခုကတော့ အမေရိကန်စစ်တပ်က အရင်အစိုးရအတွက် ရေးဆွဲပေးခဲ့တဲ့မြေပုံတစ်ခုရယ်၊ နောက်တစ်ခု တူရကီက ရေးခဲ့တဲ့ မြေပုံတစ်ခုရယ် ဖြစ်ပါတယ်”လို့ဆိုပါတယ်။ 

ဒါပေမယ့်လည်း တာလီဘန်ပြည်ထဲရေး ပြောရေးဆိုခွင့်ရှိသူက တူရကီရေးဆွဲပေးခဲ့တဲ့ မြေပုံအကြောင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

သြဂုတ်လအတွင်း Bloomberg သတင်းအစီရင်ခံမှုတစ်ခုအရ Huawei ဟာ စောင့်ကြည့်ရေး ကင်မရာတပ် ဆင်ဖို့ တာလီဘန်အစိုးရနဲ့ နှုတ်သဘောတူညီချက်ရှိထားတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း Huawei က ရိုက်တာသတင်းဌာနကို စက်တင်ဘာလအတွင်း ပြောကြားရာမှာတော့ ဒီအစည်း အဝေးအတွင်း ဘယ်အစီအစဉ်ကိုမှ မဆွေးနွေးဖြစ်ခဲ့ဘူးလို့ တုံ့ပြန်ထားတာပါ။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ သူ့အနေနဲ့ အသေးစိတ်အချက် အလက်ကို မသိရ သေးပေမယ့်လည် တရုတ်နိုင်ငံဟာ အာဖကန်နစ္စတန်မှာ ရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေးကို အမြဲတမ်းထောက်ပံ့ပေးသလို တရုတ်စီးပွားရေးလုပ်ငန်းတွေကို လည်း တာလီဘန်အစိုးရဘက်မှ လက်တွေ့ ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးပေးခဲ့ပါ တယ်လို့ ပြောကြားထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.