ဘန်ကောက်၊ စက်တင်ဘာ(၂၈) 

ထိုင်းနိုင်ငံရဲ့ သြဇာကြီးတဲ့ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေကြောင့် ထင်ရှားတဲ့ တက်ကြွလှုပ် ရှားသူတစ်ဦးဖြစ်တဲ့ ထိုင်းရှေ့နေတစ်ဦးကို ဘုရင့်အားစော်ကားမှုဖြင့် ထောင်ဒဏ်(၄)နှစ်ချမှတ်လိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့ပါတယ်။ 

လူ့အခွင့်အရေးရှေ့နေတစ်ဦး ဖြစ်တဲ့ အသက် (၃၉) နှစ်အရွယ် အာနွန်နမ်ပါဟာ ၂၀၂၀ ခုနှစ် ဒီမိုကရေစီ လို လားတဲ့ ဆန္ဒပြပွဲတွေအတွင်း ထိုင်းဘုရင်မင်းမြတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လူထုတွင်းဆွေးနွေးငြင်းခုံမှု တွေ ဖြစ်ပေါ်စေခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး လူသိများခဲ့တာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ဆက်ခံခြင်းဆိုင်ရာဥပဒေဟာ နန်းတော်ကို ဝေဖန်မှုတွေမှ အကာအကွယ်ပေးထားပြီး ဘုရင်စနစ်ကို စော်ကားတယ်လို့ ယူဆရတဲ့အမှုတွေအတွက် အမြင့်ဆုံးထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။ 

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီပြစ်ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပါတယ်။ အာနွန်ဟာ ၂၀၂၀ ခုနှစ် ဘန်ကောက်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ 

ဆန္ဒပြပွဲတွေအတွင်း အာဏာသိမ်းခဲ့တဲ့ တော်ဝင်ဝါဒီ ဝန်ကြီးချုပ်ဟောင်း ပရာ ယွတ်ချန်အိုချာကို ဖယ်ရှားပေးဖို့ လူထောင်ပေါင်းများစွာက တောင်းဆိုခဲ့ကြပါတယ်။ 

အာနွန်ဟာ ၂၀၂၀ ခုနှစ် လူထုစုဝေးပွဲအတွင်း မိန့်ခွန်းထဲမှာ ဘုရင်စနစ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားအတွက် အပြစ်ရှိကြောင်းတွေ့ရှိတယ်လို့ တရားရုံးက ဆိုပါတယ်။ 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို ချိုးဖောက်တဲ့ အမှု (၁၄) မှုအနက် တော်ဝင်စော်ကားမှု ဥပဒေလို့ လူသိများတဲ့ဥပဒေနဲ့ သူဟာပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ 

“သူ့ကို အာမခံရဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်” လို့ ရှေ့နေနူချာရတ်ကဆိုခဲ့ပြီး သူ့ရဲ့အဖွဲ့ဟာ အယူခံဝင်သွားပါဖြစ်ကာ လိုအပ်ပါက တရားရုံးချုပ်သို့ အမှုကို တင်သွင်းမှာဖြစ်ကြောင်း ရိုက်တာသို့ ပြော ခဲ့ပါတယ်။ 

ကမ္ဘာ့အတင်းကျပ်ဆုံးဖြစ်တဲ့ တော်ဝင်စော်ကားမှု ဥပဒေ ပုဒ်မ (၁၁၂) အရ လူပေါင်း ရာနဲ့ချီကာ စွဲချက်တင် ခံထားရပြီး အသက် (၆၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခြင်းအပါအဝင် ဖောက် ဖျက်ကျူးလွန်သူအချို့ကို နှစ်ပေါင်းများစွာ ထောင်ဒဏ်များ ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ရဲ့ အဆိုအရ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ပုဒ်မ ၁၁၂ ဖြင့် လူပေါင်း (၂၅၇) ဦးထက်မနည်း စွဲချက်တင်ခံရထားကြောင်းသိရပြီး အာနွန်အပေါ် စီရင်ချက်ချခြင်းဟာ ပုဒ်မ (၁၁၂) ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေအတွက် နောက်ဆုတ်သွားစေမှာလည်း ဖြစ်ပါတယ်။ 

ဥပဒေကို ပြောင်းလဲဖို့ တောင်းဆိုမှုတွေကြောင့် Move Forward ပါတီဟာ မေလ ရွေးကောက်ပွဲမှာ အနိုင်ရရှိ ခဲ့ပေမယ့်လည်း တော်ဝင်ဝါဒီအစွန်းရောက်တဲ့စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းကနေ ပိတ်ပင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အာနွန်ဟာ တရားရုံးကိုရောက်ရှိချိန်မှာ သူ့ရဲ့လွတ်လပ်ခွင့် ဆုံးရှုံးမှုအတွက် “ပိုကောင်းမွန်လာဖို့ ထိုက်တန်တဲ့ ကိုယ်ရေးကိုယ်တာစတေးခံမှု” ဖြစ်တာကြောင့် နောင်တရစရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

“လူငယ်တွေဆန္ဒပြမှုက ပြန်လမ်းမရှိတဲ့ ထိုင်းနိုင်ငံရဲ့ ဖြစ်စဉ်ကို ပြောင်းလဲစေခဲ့တယ်” လို့ သူက ဆိုခဲ့ပါတယ်။ 

ပြည်သူတွေဟာ သူတို့ရဲ့လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို ပိုယုံကြည်လာပြီးတော့ တိုင်းပြည်ကို ပိုတိုး တက် အောင် အသွင်ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ယုံကြည်ပါတယ်လို့ အာနွန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.