September 27, 2023

အီရတ်မှာ မင်္ဂလာဆောင်ပွဲအတွင်း မီးလောင်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ဒဏ်ရာရ

နီနာဗါ၊ စက်တင်ဘာ(၂၈) အီရတ်နိုင်ငံ နီနာဗါပြည်နယ်ရှိ ဟမ်ဒါနီယာခရိုင်မှာ မင်္ဂလာဆောင်ပါတီတစ်ခုအတွင်း မီးလောင် ကျွမ်းမှုဖြစ်ပွား ခဲ့သဖြင့် လူပေါင်း (၁၀၀)ကျော် သေဆုံးပြီး (၁၅၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ (၂၇) ရက်နေ့ မနက်အစောပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို အရပ်ဘက် ကာကွယ်ရေးမှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးက လူ ၁၁၃ ဦး သေဆုံးကြောင်း ရိုက်တာသတင်းဌာနသို့…

အမေရိကန်ထောက်လှမ်းရေးစနစ် အကောင်အထည်ဖော်ဖို့ တရုတ်ဟွာဝေးကုမ္ပဏီနဲ့ တာလီဘန်တို့ ဆွေးနွေး

ကာဘူးလ်၊ စက်တင်ဘာ (၂၈) တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ မြို့အတော်များများမှာ အမေရိကန်တပ်တွေ ပြန်မဆုတ်မီ အသုံးပြုဖို့ စီမံရေးဆွဲထားတဲ့ အကြီးစားစောင့်ကြည့်ရေး ကင်မရာကွန်ရက်စနစ်ကို ဖန်တီးဖို့ ကြိုးစားလာပါတယ်။ ဒီဆောင်ရွက်မှုဟာ အမေရိကန်တပ်တွေ အာဖဂန်က ၂၀၂၁ တပ်ပြန်မရုတ်ခင်အထိ အမေရိကန်ဘက်မှ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ထောက်လှမ်းရေးအစီအစဉ်လည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ မြို့တော်ကာဘူးလ်တဝိုက် ကင်မရာအလုံးရေ ထောင်နဲ့ချီတပ်ဆင်ဖို့ နည်းလမ်းရှာဖွေနေကြောင်းလည်း…

ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ရှေ့နေ ထောင်ဒဏ် (၄) နှစ်ချမှတ်ခံရ

ဘန်ကောက်၊ စက်တင်ဘာ(၂၈) ထိုင်းနိုင်ငံရဲ့ သြဇာကြီးတဲ့ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေကြောင့် ထင်ရှားတဲ့ တက်ကြွလှုပ် ရှားသူတစ်ဦးဖြစ်တဲ့ ထိုင်းရှေ့နေတစ်ဦးကို ဘုရင့်အားစော်ကားမှုဖြင့် ထောင်ဒဏ်(၄)နှစ်ချမှတ်လိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးရှေ့နေတစ်ဦး ဖြစ်တဲ့ အသက် (၃၉) နှစ်အရွယ် အာနွန်နမ်ပါဟာ ၂၀၂၀ ခုနှစ် ဒီမိုကရေစီ လို လားတဲ့ ဆန္ဒပြပွဲတွေအတွင်း ထိုင်းဘုရင်မင်းမြတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လူထုတွင်းဆွေးနွေးငြင်းခုံမှု…

ဝေါမြို့နယ် လက်ပံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ဝေါ၊ စက်တင်ဘာ(၂၇) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅…

စစ်အာဏာသိမ်း (၉၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၂၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၇) AAPP ရဲ့ စက်တင်ဘာ(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၆၈)ရက်အတွင်း ပြည်သူ (၄၁၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

စစ်ကောင်စီတပ်စခန်း ၆၂ ခုအထိ လက်လွှတ်ဆုံးရှုံးထားရ

မော်လမြိုင်၊ စက်တင်ဘာ(၂၇)မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်ဇူလိုင်လအထိ စစ်ကောင်စီတပ်စခန်း ၆၂ ခုအထိ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန် ရက်(KPSN)က စက်တင်ဘာ ၂၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) ရဲ့ “အာဏာဟန်ချက် အပြောင်းအလဲ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောက်လာခြင်း”ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ…

စစ်ဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်လာတဲ့ စစ်ကောင်စီ

နေပြည်တော်၊ စက်တင်ဘာ(၂၇) တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘက်ပေါင်းစုံဖိအားတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုးယူထားတဲ့ အရေးပေါ်သက်တမ်း နှစ်လမပြည့်ခင်မှာပဲ စစ်ဗိုလ်ချုပ်တွေနဲ့ဝန်ကြီးတချို့ကိုထုတ်ပယ်ပြီး လူစားလဲတာတွေ လုပ်နေရပါတယ်။ လာဘ်စားမှုနဲ့စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးနေရာကိုတော့ စစ်တပ်ရဲ့ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကြံပေး…

ကံပေါက်အဝင်လမ်း စစ်တပ်ပိတ်ထားလို့ ဒေသခံတွေ သွားရေးလာရေးအခက်ကြုံနေရ

ရေဖြူ၊ စက်တင်ဘာ(၂၇) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အဝင်လမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် သွာရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်တဲ့ ကံပေါက်ကျေးရွာအုပ်စုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် စက်တင်ဘာ (၂၅) ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က…