ဆိုးလ်၊ စက်တင်ဘာ (၂၇)
မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်လက် နက်တွေ ပါဝင်တဲ့ အကြီးစားစစ်ရေးပြ ချီတက်ပွဲကို ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ဆိုးလ်ကို ဖြတ်ကျော်လာတဲ့ ရဟတ်ယာဉ်တွေကို ပစ်ချဖို့ရည်ရွယ်ချက်နဲ့ ပြသခဲ့တဲ့ ဒီစစ်ရေး ပြချီတက်ပွဲဟာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးနဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ဆိုးလ်မှာတစ်နေ့တာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့အတူ တောင်ကိုရီးယားရဲ့ ပြည်တွင်းထုတ် တင့်ကားတွေ၊ မောင်းသူမဲ့ အမြောက်ယာဉ်တွေအပြင် တောင်ကိုရီးယား နိုင်ငံအခြေစိုက် အမေရိကန်စစ်သား ၂၈,၅၀၀ နီးပါး ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီစစ်ရေးပြချီတက်ပွဲဟာ ဆိုးလ်မြို့ရဲ့အဓိက စီးပွားရေးအချက်အချာကျတဲ့ ရပ်ကွက်တွေကို ဖြတ်သန်းသွားပြီး ဆိုးလ်မြို့လယ်မှာရှိတဲ့ နန်းတော်တံခါးပေါက်တည်ရှိရာ ဂွမ်ဟွာမွန် ဧရိယာ အထိ ၂ ကီလိုမီတာ အကွာအဝေး ရှိတဲ့ ချီတက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယား မြို့ပေါ် ချီတက်စစ်ရေးပြပွဲတွေကို ၂၀၁၃ ခုနှစ်ကသာ နောက်ဆုံးကျင်းပ ခဲ့တာဖြစ်ပါတယ်။
တောင်ကိုးရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုလ်က မြောက်ကိုရီးယားအပေါ် သဘောထားတင်းမာ နေပြီး မြောက်ကိုရီးယားရဲ့ တိုးတက်ပြောင်းလဲနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို တန်ပြန်ဖို့ လက်နက်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြင်ဆင်နေတာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတယွန်းဟာ ပြုံယမ်းရဲ့ ရန်လိုမှုတွေကို ကြီးကြီးမားမားတုံ့ပြန်ဖို့ ကတိပြု ထားပြီး ပြီးခဲ့တဲ့နှစ် သူအာဏာရပြီးကတည်းက ဝါရှင်တန်၊ တိုကျိုတို့နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ဖို့ တက်ကြွစွာ လုပ်ဆောင်လာခဲ့တာပါ။
စက်တင်ဘာ ၂၆ ရက်နေ့ စစ်ရေးပြချီတက်ပွဲကို ဆိုးလ်မြို့ပြင်ရှိ ဆောင်းနမ် လေတပ်စခန်းကနေ စတင်ခဲ့ တာဖြစ်ပြီး Hyunmoo ဒုံးကျည်တွေ၊ L-SAM ဒုံးကျည်ကြားဖြတ်တပ်တွေ၊ F-35 ဂျက် လေယာဉ်တွေနဲ့ တောင် ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းထုတ်တိုက်လေယာဉ် KF-21 တို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီစစ်ရေးချီတက်ပွဲ အခမ်းအနားဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ရေးပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှား ခရီးစဉ်အပြီး တစ်ပတ်အကြာမှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေကို ရုရှားထံတိုးမြှင့်ကူညီခဲ့ မယ်ဆိုရင် ဒါဟာ တိုက်ရိုက်ရန်စမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မယွန်း ဆွခ်ယိုလ်က ပြောပါတယ်။
Ref – Reuters/lk