ဘန်ကောက်၊ စက်တင်ဘာ (၂၇)
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အကျဉ်း ကျခံနေရတဲ့ ၆ လပြည့်ဖြစ်တဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ပြစ်ဒဏ်လျော့ပေါ့ခွင့် အယူခံလျှောက် ထားနိုင်တယ်လို့ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဆွမ်ချိုင်ဆန် ဝန်ကန်က ပြောကြား လိုက်ပါတယ်။
ထိုင်းအထက်လွှတ်တော်ရဲ့ လူ့အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ စားသုံးသူကာကွယ်ရေးရဲ့ အမြဲတမ်း ကော်မတီဥက္ကဌဖြစ်တဲ့ မစ္စတာဆွမ်ချိုင်က သြဂုတ်လ ၂၂ ရက်ကတည်းက မစ္စတ ာသက်ဆင်ဟာ လူမှုပြင်ဆင် ရေးဦးစီးဌာနမှာ ထိန်းသိမ်းခံထားရပြီး ဆေးရုံတက်ရ တဲ့အချိန် ကိုလည်း ပြစ်ဒဏ်ကျခံရကာလအဖြစ် သတ်မှတ်တယ်လို့ ပြောကြားခဲ့တာပါ။
ထိုင်းနိုင်ငံအတွင်း အကျဉ်းကျခံရသူတွေဟာ သူတို့ပြစ်ဒဏ်ရဲ့ သုံးတစ်ပုံ ဒါမှမဟုတ် ခြောက်လ သက်တမ်း ပြစ်ဒဏ်ကို ခံယူပြီးပြီဆိုပါက ဘုရင်ထံမှ ပြစ်ဒဏ်ဆိုင်းငံ့တာ ဒါမှမဟုတ် ပြစ်ဒဏ် ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အယူခံ လျှောက်ထားနိုင်ပါတယ်။
ဒီလိုတောင်းဆိုမှုတွေကို အထိမ်းအမှတ်နေ့တွေဖြစ်တဲ့ ထိုင်းဘုရင်မွေးနေ့တွေမှာ ပြစ်ဒဏ်ဆိုင်းငံ့ တာ ဒါမှမဟုတ် ပြစ်ဒဏ်ပြောင်းလဲတာ ခွင့်ပြုပေးတယ်လို့ အထက်လွှတ်တော်အမတ် မစ္စတာ ဆွမ်ချိုင်က ပြောကြားခဲ့ပါတယ်။
ပြစ်ဒဏ်ဆိုင်းငံ့တောင်းခံနိုင်တဲ့ နောက်ထပ်အခြေအနေတစ်ခုကတော့ အသက် ၇၀ နှစ်အထက် အကျဉ်းသားတွေဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အသက် ၇၄ နှစ်ဖြစ်တာကြောင့် အဲဒီအခြေအနေအရ အကျုံးဝင်တယ်လို့ သူက ပြောပါသေးတယ်။
ပြစ်ဒဏ်ဆိုင်းငံ့တာနဲ့ ပြစ်ဒဏ်ပြောင်းလဲမှု ခွင့်ပြုခံရသူတွေဟာ စောင့်ကြည့်ရေးစနစ်တပ် ဆင်ထားတဲ့ လျှပ်စစ်စောင့်ကြည့်ရေးလက်ကောက်တွေ ဝတ်ဆင်စရာမလိုဘဲ မိမိနေအိမ်မှာ နေထိုင်နိုင်ပေမယ့်လည်း ထိုင်းဘုရင့်နိုင်ငံပြင်ပကိုတော့ ထွက်ခွာမရှိဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ၂၃ ဦးမြောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ရာထူးသက်တမ်းအတွင်း အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားမှုတို့နဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ ဆေးရုံတင်လိုက်ရတာပါ။
ဘန်ကောက်မြို့ ရမန်အကျဉ်းထောင်ကနေ သွေးတိုးရောဂါနဲ့ အခြားရောဂါလက္ခဏာတွေကုသ ဖို့အတွက် ရဲချုပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သန်းကြွယ်သူဌေးကြီးဟာ ခွဲစိတ်မှုခံယူပြီးနောက် ဆေးရုံမှာပဲ ဆက်လက်နေ ထိုင်နေခဲ့ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ ထိုင်းတော်ဝင်ဂေဇက်ထုတ်ပြန်ချက်အရ ထိုင်းဘုရင်ဟာ ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရဲ့ ပြစ်ဒဏ် ၈ နှစ်ကို ၁ နှစ်အထိ လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်ရဲ့ ကျန်းမာရေးနှင့် ခွဲစိတ်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးခွန်း တွေကို အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဆွမ်ချိုင်ဆန်ဝန်ကန်က လူနာရဲ့ ကိုယ်ရေး ကိုယ်တာအခွင့်အရေးတွေကို ဥပဒေအရ အကာအကွယ်ပေးထားတာကြောင့် ကုသမှုအသေး စိတ်ကို ထုတ်ဖော်ပြောလို့ မရကြောင်း ပြောကြားထားပါတယ်။
Ref:The Nation Thailand