September 26, 2023

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရှိပေမယ့် ဆိုးလ်မှာ အကြီးစားစစ်ရေးပြပွဲ ကျင်းပ

ဆိုးလ်၊ စက်တင်ဘာ (၂၇) မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်လက် နက်တွေ ပါဝင်တဲ့ အကြီးစားစစ်ရေးပြ ချီတက်ပွဲကို ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဆိုးလ်ကို ဖြတ်ကျော်လာတဲ့ ရဟတ်ယာဉ်တွေကို ပစ်ချဖို့ရည်ရွယ်ချက်နဲ့ ပြသခဲ့တဲ့ ဒီစစ်ရေး ပြချီတက်ပွဲဟာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးနဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ဆိုးလ်မှာတစ်နေ့တာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ…

တရုတ်ကိုတန်ပြန်ဖို့ ပစိဖိတ်ကျွန်းနိုင်ငံနှစ်ခုကို ဘိုင်ဒန် တရားဝင်အသိအမှတ်ပြု

ဝါရှင်တန် ၊ စက်တင်ဘာ (၂၇) တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကိုတန်ပြန်ဖို့အတွက် ပစိဖိတ်ဒေသတွင်းရှိ ကွတ်ခ်ကျွန်းနဲ့ နီယူး အေကျွန်းနိုင်ငံတို့ကို တရားဝင်အသိအမှတ်ပြုကြောင်း သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒေသတွင်းခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်နဲ့ ထိပ်သီးဆွေးနွေးပွဲ အစမှာ သမ္မတဘိုင်ဒန်က ဒေသတွင်း ပိုမိုခိုင်မာတဲ့ အမေရိကန်ရဲ့ရပ်တည်ချက် ဖော်ပြခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။ ဝါရှင်တန်က ကွတ်ခ်ကျွန်းနဲ့…

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့် ဖေဖော်ဝါရီလအတွင်း ပြန်လွတ်လာဖွယ်ရှိ

ဘန်ကောက်၊ စက်တင်ဘာ (၂၇) ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အကျဉ်း ကျခံနေရတဲ့ ၆ လပြည့်ဖြစ်တဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ပြစ်ဒဏ်လျော့ပေါ့ခွင့် အယူခံလျှောက် ထားနိုင်တယ်လို့ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဆွမ်ချိုင်ဆန် ဝန်ကန်က ပြောကြား လိုက်ပါတယ်။ ထိုင်းအထက်လွှတ်တော်ရဲ့ လူ့အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ စားသုံးသူကာကွယ်ရေးရဲ့ အမြဲတမ်း ကော်မတီဥက္ကဌဖြစ်တဲ့…

ရေးမြဝတီဘဏ်ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

ရေး၊ စက်တင်ဘာ(၂၇) မွန်ပြည်နယ်၊ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်တပ်ပိုင် မြဝတီဘဏ် လုံခြုံရေးအဖွဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီဘဏ်ရှိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂…

လက်ပံတံခါးရဲစခန်းကို ဒေသ PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

မကွေး၊ စက်တင်ဘာ (၂၆) မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ လက်ပံတံခါးရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ မနက် ၁နာရီခွဲအချိန်ကနေ ၂…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်ကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တနင်္သာရီအခြေစိုက် စစ်ကောင်စီ အမှတ်(၃၀၆) အမြောက်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အရှေ့မော်တုန်းကျေးရွာထဲ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၁၀ လုံး ရည်ရွယ်ချက်ရှိရ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့…

သရက်ချောင်းတိုက်ပွဲမှာ ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

သရက်ချောင်း၊ စက်တင်ဘာ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာဟောင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ကနေ ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ပိတောက်ကြီးရွာဟောင်းအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ သူတို့လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကရင်တိုင်းရင်းသားဒေသခံ…

စစ်အာဏာသိမ်း (၉၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၀၈) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၆) AAPP ရဲ့ စက်တင်ဘာ(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၆၇)ရက်အတွင်း ပြည်သူ (၄၁၀၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၃၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…