ဘန်ကောက်၊ စက်တင်ဘာ (၂၆)

 ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံပါတီအနိုင်ရရှိအောင် ဦးဆောင်ခဲ့တဲ့ ဖိထာလင်မ် ဂျရွန်ရတ် ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ပြီးနောက် Move Forward ပါတီရဲ့ ခေါင်းဆောင်အသစ်ကို တရားဝင် ကြေညာလိုက်ပါတယ်။ 

အသစ်ခန့်အပ်ခံရတဲ့ ပါတီခေါင်းဆောင်သစ် မစ္စတာ ချိုင်ထဝတ်ကျူလာထွန်ဟာ အရင်က နိုင်ငံ ရေးမဂ္ဂဇင်း အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ပါလီမန်အတွင်း လူငယ်ထုနဲ့ မြို့ပြထောက်ခံမှု အပြည့်အဝရရှိထားတဲ့ Move Forward ပါတီကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။ 

ရှေးရိုးစွဲ ဥပဒေပြဌာန်းသူတွေက သူတို့ရဲ့ပါတီဦးဆောင်တဲ့ အစိုးရဖြစ်ပေါ်ရေးကို ပိတ်ဆို့ခဲ့ပြီး တဲ့နောက်မှာ Move Forward ပါတီဟာ ပါလီမန်အတွင်း အတိုက်အခံပါတီအဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ 

စစ်တပ်လိုလားသူတွေနဲ့ တော်ဝင်ဝါဒီ ထူထောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လူအများရှုမြင်ကြ တဲ့ တရားဥ ပဒေနဲ့ဥပဒေပြုရေးဆိုင်ရာ စိန်ခေါ်မှုတွေဟာ မျိုးဆက်သစ် ခေါင်းဆောင်တွေကို ခေါင်းမထောင်လာနိုင်အောင် ပြုလုပ်နေခဲ့တာပါ။ 

ဒါကြောင့်ပဲ မစ္စတာ ဖိထာဟာ စက်တင်ဘာလအစောပိုင်းမှာပဲ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ 

ဒါ့အပြင် ဖိထာ သူရဲ့ မီဒီယာကုမ္ပဏီနဲ့ ပတ်သက်တဲ့ စွဲချက်တွေကြောင့် ပါလီမန်ကနေ ဆိုင်းငံ့ခံခဲ့ရတာပါ။ 

ပါတီခေါင်းဆောင်အဖြစ်မှ ထွက်ခွာသွားပေမယ့်လည်း မစ္စတာဖိထာဟာ ပါလီမန်ပြင်ပ ပါတီလှုပ်ရှားမှုတွေကို စီမံသွားမှာဖြစ်ပြီး ပါတီအကြံပေးအဖြစ်ဆက်လက် ပါဝင်သွားမယ် လို့လည်း သိရပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း Move Forward ပါတီထောက်ခံသူ မစ္စပန်နီကာက ဘုရင်စနစ်ကို စော်ကားပြီး ကျင့်ဝတ်အတိုင်းအတာနဲ့မညီဘူးလို့ ထင်မြင်ရတဲ့ လွန်ခဲ့တဲ့ရာစု နှစ်တစ်ခုကျော်က ဓါတ်ပုံတစ် ပုံကို ထုတ်ပြခဲ့တာကြောင့် နိုင်ငံရေးလောကကို အသက်တာတစ်ခုလုံးစွန့်ခွာဖို့ ရုံးတော်မှ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ 

Move Forward ပါတီဟာ ထိုင်းနိုင်ငံမှာ ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ တော်ဝင်အသရေဖျက်မှုဆိုင် ဥပဒေကို ပြင်ဆင်ဖို့ ကတိပြုထားခဲ့ဖူးပါတယ်။ 

စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ရေးဆွဲခဲ့တဲ့နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံရေးသမားတွေကို နိုင့် ထက်စီးနင်းတိုက်ခိုက်ဖို့ အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်နေပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုနေကြတဲ့ အတိုက်အခံအဖွဲ့ဝင်တွေကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီ မစ္စတာဆူနိုင်းဖာဆွက်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 Ref-Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.