ဂျာကာတာ၊ စက်တင်ဘာ (၂၆)
အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံတွင်းကုန်ပစ္စည်းရောင်းချမှုအတွက် ဆိုရှယ်မီဒီယာကို အသုံးပြုမှု ဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ ဒေသတွင်းသတင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
အဲဒီလှုပ်ရှားမှုဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အော့ဖ်လိုင်းဈေးကွက်တွေ ခြိမ်းခြောက် ခံလာရမှုတွေကို ချေမှုန်းဖို့ရည်ရွယ်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။
အချို့သောတာဝန်ရှိသူတွေက ဗီဒီယိုပလက်ဖောင်းဖြစ်တဲ့ TikTok ကို နမူနာထားပြီး ဆိုရှယ်မီဒီယာပလက် ဖောင်းတွေပေါ်မှာ မတော်မတရားဈေးနှုန်းတွေနဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။
ဒီလို အွန်လိုင်းရောင်းချသူတွေကြောင့် အင်ဒိုနီးရှားရှိ အော့ဖ်လိုင်းဈေးကွက်တွေဟာ ခြိမ်းခြောက်ခံနေရတယ်လို့လည်း ဝန်ကြီးအချို့က ထပ်ခါတလဲလဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အွန်လိုင်းကုန်သွယ်မှုအတွက် ဆိုရှယ်မီဒီယာကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီဆိုပါစို့၊ နောက်တစ်နေ့မှာ စည်းမျဉ်းအသစ်ပေါ်ထွက်လာနိုင်တယ်”လို့ သမ္မတဂျိုကိုဝီက စက်တင်ဘာ ၂၅ ရက်နေ့က တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“လူတွေ မျှော်လင့်နေတာက နည်းပညာရဲ့တိုးတက်မှုဟာ ရှိနှင့်ပြီးသား စီးပွားရေးတွေကို မပျောက်ကွယ်စေဘဲ စီးပွားရေး အလားအလာသစ်တွေ ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်”လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။
အဲဒီမိန့်ခွန်းထဲမှာ ဂျိုကိုဝီက ဘယ်လိုကုမ္ပဏီ၊ ဘယ်လိုစည်းမျဉ်း၊ စည်းကမ်းချက်ဆိုတာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။
Ref: CNA