“အခုလာမယ့် အာဏာသိမ်းရက်တစ်ထောင်ပြည့်မှာ စင်ကာပူအစိုးရကို ပြည်သူတစ်သိန်းရဲ့လက်မှတ်တွေနဲ့  အိတ်ဖွင့်ပေးစာပေးပို့သွားမှာပါ”

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို တတိယအများဆုံးလက်နက်ရောင်းချပေး နေတဲ့ စင်ကာပူနိုင်ငံထံ လက်နက်ရောင်းချပေးတာတွေ ရပ်တန့်ပေးဖို့ ၊ ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူတွေ လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၃ ချက် တောင်းဆိုဖို့အတွက် ပြည်သူတစ်သိန်းရဲ့ လိုက်လံကောက်ယူနေ တာပါ။ စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ဖို့ လက်မှတ်စုဆောင်းမှု အခြေအနေ၊ စင်ကာပူအစိုးရရဲ့ တုံ့ပြန်မှု၊ သွေးစွန်းငွေဖြတ်တောက်ရေး ကမ်ပိန်အောင်မြင်မှုနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ကိုစောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအာဏာသိမ်းစစ်တပ်အတွက် လက်နက်ရောင်းချနေတဲ့ တတိယအကြီးဆုံနိုင်ငံ စင်ကာပူအစိုးရထံ ပြည်သူတစ်သိန်း လက်မှတ်ထိုးတောင်းဆိုကြဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူပါဝင်မှု ဘယ်အ တိုင်းအတာအထိရှိနေပါပြီလဲ။

ကျွန်တော်တို့ စင်ကာပူနိုင်ငံကို ပစ်မှတ်ထားပြီးတော့မှ စစ်တပ်ထံစီးဝင်နေတဲ့ လက်နက်တွေ၊ အကြမ်းဖက်စစ် တပ်ကို ဘဏ္ဍာရေးစနစ်ကို အသုံးပြုပေးနေတာတွေ ပိတ်ဆို့ပေးဖို့   စင်ကာပူအစိုးရကို တောင်းဆိုနေတဲ့ လှုပ် ရှားမှုကတော့ တတိယအကြိမ်တောင်ဖြစ်နေပြီ။ လနဲ့ပြန်တွက်ရင် နှစ်လဆက်တိုက်လောက် ဖြစ်သွားပါပြီ။ ဒီနှစ်လလောက်အတွင်းမှာ အစောပိုင်းကာလတွေမှာ စင်္ကာပူအစိုးရကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ တော်လှန် ရေးအင်အားစုတွေက စုပေါင်းပြီးပညာပေး လှုပ်ရှားမှုတစ်ခုလုပ်ခဲ့တယ်။ သူတို့ဘက်က ဘာမှအကြောင်းမပြန် သေးဘူး။ အဲဒါကိုအကြောင်းပြုပြီးတော့ ကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်ပြီးတော့ အများပြည်သူပါဝင်နိုင်တဲ့ လက်မှတ်ထိုးပါဝင်လို့ရတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ပစ်မှတ်ကတော့ အစောပိုင်းက လက်မှတ်အရေအတွက် တစ်သိန်းလောက်ပေါ့ ကောက်ခံမယ်ဆိုပြီး လုပ်ထားပါတယ်။ အခုလက်ရှိထိ တစ် သောင်းသုံးထောင်လောက်ပဲ ရနေသေးတယ်။ အခုကတော့ လက်မှတ်တစ်သိန်းပြည့်အောင်လည်း ကျွန်တော် တို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်။ ပြည့်အောင်လည်း အတတ်နိုင်ဆုံးလှုံ့ဆော်သွားမယ်။ မပြည့်ခဲ့ရင်လည်း ရတဲ့ရသလောက်ပို့ဆောင်ပါမယ်။ အခုလာမယ့် အာဏာသိမ်းရက်တစ်ထောင်ပြည့် နောက်လထဲမှာရှိမယ်။ အဲဒီကျရင် စင်ကာပူအစိုးရကို အများပြည်သူလက်မှတ်တွေနဲ့  ပူးပေါင်းပြီး အိတ်ဖွင့်ပေးစာပေးပို့သွားမှာပါ။

၂။ စင်ကာပူအစိုးရထံ ဘယ်အချက်တွေကို အဓိကတောင်းဆိုထားလဲ။ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

နံပတ်တစ်အချက်က စင်ကာပူနိုင်ငံကနေ စင်ကာပူအခြေစိုက်လက်နက်ကုမ္ပဏီတွေ၊ စင်ကာပူအစိုးရအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူတာမျိုးတွေကို လူအများသိအောင် လုပ်ဆောင်ပေးပါဆိုပြီး ကျွန်တော်တို့က တောင်း ဆိုထားပါတယ်။ ကုလသမဂ္ဂက အစီရင်ခံစာထုတ်လာတဲ့ထဲမှာ စင်ကာပူနိုင်ငံက တာဝန်ရှိတဲ့လူကြီးတွေနဲ့  သွားတွေ့တဲ့အခါမှာ စက်ကာပူအစိုးရအဖွဲ့က ဘာပြောလဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို လက် နက်တင်ပို့ရောင်းချနေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပါမယ်ဆိုပြီး သူတို့ပါးစပ်ကနေ ထုတ်ပြောခဲ့တယ်။ အဲ ဒါစင်ကာပူအစိုးရအဖွဲ့ထဲကနေ ပြောကြားခဲ့တာပေါ့။ သတင်းတွေထဲ ပြန်ရှာလို့ရပါတယ်။ သူတို့ကအဲဒီလို ပြော ပြီး ဘာမှထိထိရောက်ရောက် လုပ်မပေးဘူး။ သူတတကယ့်တကယ်လုပ်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ကျွန် တော်တို့က တွန်းအားပေးတဲ့ဟာ တစ်ခုအနေနဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေကနေ မြန်မာအကြမ်း ဖက်စစ် တပ်ကို ရောင်းချနေတဲ့ လက်နက်ရောင်းချတဲ့ကုမ္ပဏီတွေ၊ လက်နက်ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ၊ ပွဲစားကုမ္ပဏီတွေ၊ ပို့ဆောင်ဆက်သွယ်ရေးကုမ္ပဏီတွေ၊ အဲဒီလိုကုမ္ပဏီတွေအားလုံးကို စုံစမ်းစစ် ဆေးတဲ့အခါမှာ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးဖို့ အဲဒီအချက်ကို တောင်းဆိုထားပါတယ်။

နံပတ်၂အချက်ကတော့ စင်ကာပူကနေ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မြန်မာစစ်တပ်ကို ရောင်းချနေတာတွေ ကို စင်ကာပူအစိုးရအနေနဲ့ ပိတ်ဆို့ပေးပါဆိုပြီး ကျွန်တော်တို့က တောင်းဆိုထားပါတယ်။ နံပတ်၃အချက်က တော့ စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် ဘဏ္ဍာရေးဗဟိုချက်ဖြစ်တယ်။ စစ်တပ်ကို လေယာဉ် ဆီအတွက် ငွေပေးချေတာတွေ၊ လက်နက်ဝယ်တာတွေအတွက် ငွေပေးချေတာတွေ၊ တခြားနိုင်ငံတွေကို စစ် တပ်အတွက် ငွေထုတ်ငွေသွင်းငွေလွှဲလုပ်ပေးနေတဲ့ တကယ့်ငွေကြေးဗဟိုချက်လည်းဖြစ်တယ်။ နောက်တစ် ချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ လေးဒဿမခြောက်ဘီလီယံ နီးပါးကို စစ်တပ်ကို အသုံးပြုခွင့်ပေးထား တာပေါ့နော်။ အဲဒီအရန်ငွေတွေက စင်ကာပူနိုင်ငံရဲ့ ဘဏ်တွေထဲမှာ ထားထားတာပေါ့။ စစ်တပ်က မြန်မာနိုင်ငံ ကို သိမ်းပိုက်ထိန်းချုပ်ထားတော့ ဒီပိုက်ဆံတွေကိုစင်ကာပူအစိုးရက မြန်မာနိုင်ငံကို ပေးသုံးထားတယ်။ စစ်တပ်ကို လည်း စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တွေကို အသုံးပြုခွင့်ပေးထားတယ်။

ကျွန်တော်တို့က တတိယအချက်တောင်းဆိုချင်တာက အကြမ်းဖက်စစ်တပ်ကို စင်ကာပူနိုင်ငံရဲ့ဘဏ္ဍာ ရေးစ နစ်တွေ ပေးမသုံးတော့ဖို့ အဓိက အချက်၃ချက်ကိုတောင်းဆိုထားပါတယ်။

၃။ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်းရောင်းချနေတာတွေကို တားဆီးပေးဖို့ ပြည်တွင်း၊ ပြည်ပ အရပ် ဖက်အဖွဲ့အစည်း နှစ်ရာနီးပါးက စင်ကာပူအစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပြီးတဲ့နောက်မှာ ဘာတွေ ထူးခြားမှုရှိလာပါသလဲ။

ကျွန်တော်တို့ စာပို့လိုက်တော့ စင်ကာပူအစိုးရအနေနဲ့ တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးတော့မရှိဘူး။ ကျွန် တော်တို့ လည်း အများကြီးမမျှော်လင့်ပါဘူး။ စင်ကာပူအစိုးရက ချက်ချင်းအကြောင်းပြန်လိမ့်မယ်၊ တုံပြန်လိမ့် မယ်လို့ မမျော်လင့်ဘူး။ တိုက်ဆိုင်တာပဲလား။ စာပို့ပြီးမကြာခင်မှာ မြန်မာစစ်တပ်ကို ဆိုလာစနစ်တင်သွင်း နေ တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို အရေးယူပိတ်ဆို့လိုက်တယ်ဆိုတဲ့ သတင်းတက်လာတာပေါ့။ ဒါကတိုက်ဆိုင် တာပဲလား၊ ကျွန်တော်တို့ရဲ့တောင်းဆိုလှုပ်ရှားမှုကြောင့် လုပ်တာပဲလား။ ဟန်ပြသက်သက်ပဲလား။ အဲဒီလိုပဲ စင်ကာပူနိုင်ငံသားနှစ်ဦးကို အရေးယူလိုက်တယ်ဆိုတာကိုတော့ တွေ့ရပါတယ်ခင်ဗျာ။

၄။ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ရှေ့ ဆက် ဘာတွေလုပ်ဆောင်သွားဖို့ စီစဉ်ထားပါသလဲ။

 ဟုတ်ကဲ့ပါ။ ကျွန်တော်တို့မှာ ပစ်မှတ်ရှိတယ်။  အခုလက်ရှိမှာတော့ စင်ကာပူအစိုးရကို ပစ်မှတ်ထားပါတယ်။ ခုနကပြောခဲ့သလိုပဲပေါ့။ စင်ကာပူနိုင်ငံက လက်နက်သွင်းနေတာတွေ စုံစမ်းစစ်ဆေးပေးဖို့၊ လက်နက်သွင်းနေ တာတွေ လုံးဝရပ်တန့်ဖို့၊ နောက်တစ်ခုက စစ်တပ်ကို ဘဏ္ဍာရေးစနစ်တွေ ပေးမသုံးဖို့ ဒီ၃ရပ်ကို တောင်းဆိုတဲ့ နေရာမှာ အရပ်ဖက်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်း၂၀၀နဲ့ တောင်းဆိုခဲ့တယ်။ ထပ်ပြီး တော့ လူအများပါဝင်နိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ထပ်ပြီးတော့ ဖန်တီးကြိုးစားပြီးတော့ ဆက်ပြီး တော့ စင်ကာပူအစိုးရကို ဖိအားပေးမယ်ပေါ့။ ဆုံးဖြတ်ချက်အတိုင်း အခုစင်ကာပူအစိုးရကို ဖိအားပေးဖို့ လူအ များရဲ့ လက်မှတ်တွေကို စင်ကာပူအစိုးရဆီကို အာဏာသိမ်းရက်တစ်ထောင်ပြည့်မှာ ကျွန်တော်တို့ပို့ဆောင် သွားဖို့ ရှိပါတယ်။ စင်ကာပူအစိုးရကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ကျွန်တော်တို့ လက်မှတ်တွေ ကောက်ခံနေပါတယ်။ ဒါကတော့ ဒီလှုပ်ရှားမှုအတွက်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေထဲမှာ ထိုင်းအစိုးရ လိုပစ်မှတ်တွေလည်းပါတယ်။ ပီတီတီအုပ်စုလို အုပ်စုမျိုးတွေလည်းပါတယ်။ စစ်တပ်ကိုငွေကြေးထောက်ပံ့တာ အများဆုံးဟာတွေပါတယ်ပေါ့။

ဒီလိုမျိုးထိုင်းအစိုးရလိုမျိုးဆိုရင်လည်း နောက်ပိုင်းမှာပစ်မှတ်ထားပြီးလှုပ်ရှားမှုတွေဆက်လုပ်မယ်။ အများပြည် သူ ပါဝင်နိုင်အောင်လည်းလုပ်ဆောင်ပါမယ်။ နောက်ပြီးတော့ အမေရိကန်အစိုးရဆီကနေပြီးတော့မှတဆင့် မြန်မာ့ရေနံသဘာဝဓာတ်ငွေ့တစ်ခုလုံးကိုဆန်ရှင်ချမှတ်ပေးဖို့ တောင်းဆိုလှုပ်ရှားသွားဖို့လည်း နောက်ပိုင်းမှာ ကျွန်တော်တို့စီစဉ်နေတာ ရှိပါတယ်။

တောင်းဆိုလှုပ်ရှားတဲ့အခါမှာ ကျွန်တော်တို့ အင်အားနဲ့ချည်းပဲ ဘာမှလုပ်လို့မရဘူး။ လူအများနဲ့ပေါင်းပြီးတော့မှ တောင်းဆိုလှုပ်ရှားတာဖြစ်တယ်ဆိုတော့ အဲဒီလိုအချိန်အခါမျိုးတွေမှာလည်း ဆက်ပြီးတော့ လက်မှတ်ကောက် ခံ သွားတာမျိုး လူအများရဲပါဝင်မှု ကိုအသိအမှတ်ပြုတဲ့ လှုပ်ရှားမှုမျိုးတွေပေါ့။ အဲဒီလိုလှုပ်ရှားမှုတွေ လုပ်ဆောင် သွားဖို့ရှိပါတယ်။ အခုလက်ရှိမှာတော့ စင်ကာပူအစိုးရကို လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုကို ပစ်မှတ်ထားလုပ် ဆောင် နေပါတယ်။

၅။ နောက်ဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာကမ်ပိန်းက ဘယ်လောက် အထိ ထိရောက်ခဲ့တယ်လို့ မြင်ပါသလဲ။

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအနေနဲ့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ PTTကဘာလဲ၊ ဘယ်လိုလဲ ၊ဘယ်လိုပါဝင် ပတ်သက်နေတာလဲ။ PTT ကဘယ်လောက်အရေးကြီးလဲဆိုတာကို မြန်မာနိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသားတွေ သိသွားတယ်။ နံပတ်နှစ်အချက်ကတော့ PTT ရဲ့ ထုတ်ကုန်တွေ သပိတ်မှောက်တဲ့လှုပ်ရှားမှုတွေ အထိုက်အ လျောက်အောင်မြင်တယ်။ PTT ရဲ့အင်ဂျင်ဝိုင်တွေ၊ PTT ရဲ့ လုပ်ငန်းခွဲကော်ဖီဆိုင်မျိုးတွေ မရှိတော့တာမျိုး တွေပေါ့။ ဒါမျိုတွေ ကျွန်တော်တို့ သွားတွေ့တာမျိုးတွေပေါ့။ အခုထက်ထိတော့ သပိတ်မှောက်နေဆဲလား။ သပိတ်မှောက်လား၊ မမှောက်လားဆို တာတော့ စာရင်းပြုစုထားတာမရှိပေမယ့် ကျွန်တော်တို့လှုပ်ရှားမှုက ထိရောက်ခဲ့တယ်ဆိုတာ သတိပြုမိတယ်။

တတိယအချက်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ထူးခြားမှုပြပါဆိုရင် PTT ကုမ္ပဏီကနေ အစုရှယ်ယာက နေ နှုတ်ထွက်သွားတယ်။ ဒေါ်လာသန်းချီ ထိခိုက်သွားတယ်။ ပြီးတော့ PTT ကုမ္ပဏီအတွက်လည်း ထိခိုက်နစ် နာမှု ဖြစ်သွားခဲ့တယ်ပေါ့။

နံပတ်၄အချက်အနေနဲ့ အဲဒီကုမ္ပဏီထွက်သွားပြီးတော့ PTTOR နဲ့ ကမ္ဘာဇအုပ်စုနဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ ဆီဆိုင်ခွဲ၁၀၀ကျော်ဖွင့်ဖို့ ရှိတယ်ပေါ့နော်။ အဲဒီစီမံကိန်းကိုဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းပါတယ်ဆိုပြီး လုံးဝ ကြေညာသွားတယ်။ ဒါက PTT အပေါ်မှာ လုံးဝဖိအားပေးလှုပ်ရှားမှုရဲ့နောက်ဆက်တွဲပေါ့။

နောက်ဆုံးတစ်ခုကတော့ ရန်ကုန်မြို့အတွက် သီလဝါမှာလား မသိဘူး။ ဓာတ်အားပေးစက်ရုံထောင်ဖို့ လုပ်ထား တာရှိတယ်။ PTT နဲ့ ကမ္ဘောဇပေါင်းပြီး အဲဒါလည်း ရပ်လိုက်တယ်။ PPORဆိုတဲ့ လုပ်ငန်းခွဲအနေနဲ့ရပ် လိုက် တယ်။ ဆိုတော့ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ ပြုလုပ် နေတဲ့နေရာမှာ ရလာတဲ့ နောက်ဆက်တွဲ ရလဒ်ကောင်းကျိုးတွေလို့ ကျွန်တော်တို့ကတော့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုတာ ရှိတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.