ရေဖြူ ၊ စက်တင်ဘာ ၂၄
မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ချမ်းဟာ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုင်ချမ်းဟာ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာကနေ မရော့ချိုင်းရွာသစ် ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အမည်မသိ ဆိုင်ကယ်သမားတွေက လုပ်ကြံခဲ့တာပါ။
လက်ရှိမှာ နိုင်ချမ်းရဲ့ ရုပ်အလောင်းကို ရွာသစ်ရွာ သင်္ချိုင်းမှာပဲ မြှပ်နှံခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောပါတယ်။
နိုင်ချမ်းသေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ရ မည်သူက လုပ်ဆောင်ခဲ့သလဲဆိုတာကို သံလွင်တိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း၊ မာန်အောင်ကျေးရွာအနီးမှာ လုပ်ကြံခံခဲ့ရဖူးကြောင်း နိုင်ချမ်းက သူရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားဖူးပါတယ်။
နိုင်ချမ်း ဦးဆောင်တဲ့ ရာမညတပ်ဖွဲ့ဟာ ကျေးရွာ ပြည့်သူစစ်ကနေ နူတ်ထွက်ကာ ရာမညတပ်ဖွဲ့အဖြစ် ဖွဲစည်းခဲ့ပြီးတနင်္သာတိုင်း ရေဖြူမြို့ ပတ်ဝန်းကျင်အနီး လှုပ်ရှားနေတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
Photo – Social Media