လောင်းလုံး၊ စက်တင်ဘာ(၂၄)

တနင်္သာရီတိုင်းဒေသကြီး၊ ပလမြို့နဲ့ လောင်းလုံးမြို့နေ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်ကနေ နေ အိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က လောင်းလုံးမြို့ ၊ ဂ ရပ် ကွက်နေ ကိုအောင်ကိုဝင်းနဲ့ ကိုကျော်စိုးနိုင်တို့ ၂ ဦးကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနေ့ ညနေပိုင်းမှာလည်း ပလမြို့နေ ဦးနောင်မဲ၊ ဦးထွေးသိမ်း၊ ကိုနိုင်မင်းနဲ့ကိုလတ်အပါအဝင် အ မျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့သူတွေဟာ အသက် ၂၀ ကနေ အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ သာမန်ဈေးရောင်းသူ၊ မှီခိုသူတွေနဲ့ကျပန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်က သူတို့ဖမ်းဆီးသွားတဲ့ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွယ်နေသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာရဲစခန်းတွေနဲ့ စစ်ကြောရေးတွေထံ ပို့ဆောင်ထားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့ ဒေသခံတွေကနေ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၁၈၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJပုံစာအညွန်း- စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လောင်းလုံးမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်စဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.