September 24, 2023

ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံခံရ

ရေဖြူ ၊ စက်တင်ဘာ ၂၄ မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ချမ်းဟာ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နိုင်ချမ်းဟာ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာကနေ မရော့ချိုင်းရွာသစ် ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အမည်မသိ ဆိုင်ကယ်သမားတွေက လုပ်ကြံခဲ့တာပါ။ လက်ရှိမှာ…

ပလနဲ့လောင်းလုံး ဒေသခံ ၇ ဦးကို စစ်တပ်ဖမ်းဆီး

လောင်းလုံး၊ စက်တင်ဘာ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ ပလမြို့နဲ့ လောင်းလုံးမြို့နေ ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်ကနေ နေ အိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က လောင်းလုံးမြို့ ၊ ဂ ရပ် ကွက်နေ ကိုအောင်ကိုဝင်းနဲ့ ကိုကျော်စိုးနိုင်တို့…

သရက်ချောင်းမှာ တိုက်ပွဲဖြစ်နေ

သရက်ချောင်း၊ စက်တင်ဘာ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာအနီးတဝိုက်မှာ စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် ပိတောက်ကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ ဒီနေ့စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ…

စစ်ကောင်စီသတ်မှတ်တဲ့ ခရီးသွားသင့်နေရာတွေဟာ လုံခြုံရေးကြောင့် လက်တွေ့မဖြစ်နိုင်

နေပြည်တော်၊ စက်တင်ဘာ(၂၄) မြန်မာနိုင်ငံမှာ ပြည်တွင်း၊ပြည်ပခရီးသွားတွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာ ၁၄ ခုကို စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် လက်ရှိလုံခြုံရေးအခြေအနေကြောင့် လက်တွေ့မဖြစ်နိုင်သေးဘူးလို့ ခရီးသွားဧည့်လမ်းညွန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ ဦးစားပေးလည်ပတ်သင်တဲ့ နေရာ ၁၄ ခုကို စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီ…

ပြည်ပရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကောက်ဖို့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော်၊ စက်တင်ဘာ(၂၄) ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ နိုင်ငံခြားဝင်ငွေတွေကို အောက်တိုဘာလကစပြီး ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်မှတ်နဲ့ စက်တင်ဘာ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။ တစ်နှစ်တစ်ကြိမ်ပြဌာန်းလေ့ရှိတဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ နောက်နှစ် မတ်…

သထုံနဲ့ဘီးလင်းကြားမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်

ဘီးလင်း၊ စက်တင်ဘာ(၂၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ဘက်ကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ တွေက…

KNU နယ်မြေတစ်လအတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရာချီသေဆုံးခဲ့

ကော်သူးလေ၊ စက်တင်ဘာ(၂၄) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရာချီသေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ KNU တပ်မဟာ(၆) နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…