ဘန်ကောက်၊ စက်တင်ဘာ (၂၃) 

မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကို ပြန်လည်မြှင့်တင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံယန္တရားအတိုင်း လိုက်ပါဆောင်ရွက်သွားမယ်လို့ အာဏာရ Pheu Thai ပါတီရဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် ပန်ပရီပါဟစ်နူကွန်က ပြောကြားခဲ့ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုက စတင်လာခဲ့တဲ့ မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ယူဆတာကြောင့် နိုင်ငံအတွင်းဥပဒေတွေနဲ့ အာဆီယံယန္တရားမှတဆင့် ဖြေရှင်း ကိုင်တွယ်ဖို့ သူက ပြောဆိုခဲ့တာပါ။ 

“ဒေသအတွင်းမှာ စည်းလုံးညွီညွတ်မှုရှိသေးတာကြောင့် အာဆီယံကတဆင့် ဖြေရှင်းဖို့ကို မငြင်းဆန်သင့်ပါဘူး”လို့ သူက ပြောကြားခဲ့တာပါ။ 

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးကို ဖန်တီးနိုင်ဖို့နဲ့အတူ အကောင်းဆုံးချဉ်း ကပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဘုံသဘောညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အစုအဖွဲ့တွေကြား ဆွေးနွေးကြဖို့၊ အာဆီယံအထူးသံကိုယ်စားလှယ်မှတဆင့် စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ဆောင် နိုင်ဖို့၊ အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီကို တိုးမြှင့်နိုင်ဖို့နဲ့ ပဋိပက္ခဖြစ်ပွား ရာ ဒေသအတွင်းမှာ အာဆီယံရဲ့ အထူးသံကိုယ်စားလှယ် သွားရောက်တွေ့ဆုံနိုင်ဖို့ စတဲ့အချက် တွေ ပါဝင်တာပါ။ 

ထိုင်းအနေနဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီး အလွတ်သဘောအစည်းအဝေးတွေကို လုပ်ဆောင် ခြင်းရှိ မရှိ မေးမြန်းရာမှာတော့ မစ္စတာပန်ပရီက ဒီလိုအစည်းအဝေးတွေက လိုအပ်လျှင်ပြုလုပ် မှာဖြစ်ပေမယ့် ထိုင်းအနေနဲ့ အာဆီယံနဲ့ ကနဦးတိုင်ပင်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါ တယ်။ 

ထိုင်းအစိုးရက ဆောင်ရွက်မယ့် အလွတ်သဘောအစည်းအဝေးပွဲတွေဟာ မျက်နှာချင်းဆိုင် မဟုတ်ဘဲ အွန်လိုင်းတွေနဲ့လည်း ဆောင်ရွက်နိုင်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

“ထိုင်းအစိုးရအနေနဲ့ မြန်မာနဲ့စကားမပြောခင် အာဆီယံကိုအရင် တိုင်ပင်သွားမယ်”လို့သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ထိုင်းနဲ့မြန်မာအဆင့်မြင့်အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနဲ့ လူကုန်ကူးမှုကိစ္စရပ်တွေကို ဆွေးနွေးနိုင်ချေရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့လူအခွင့်အရေးကို မြှင့်တင်ခြင်းအားဖြင့် အာဆီယံရဲ့ မူသဘောအတိုင်းနဲ့အညီ လူသားချင်းစာနာထောက်ထားမှု သံတမန်ခင်းပုံစံပေါ်မှာ အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ ထိုင်းအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးမှ ထပ်လောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

Ref-The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.