ဆိုးလ်၊ စက်တင်ဘာ (၂၃) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ မကြာသေးမီက သွားရောက်ခဲ့တဲ့ ရုရှားခရီးစဉ်ကို ပြန်လည်သုံး သပ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကိုခိုင်မာစေမယ့် အနာဂတ်အစီအစဉ်တွေကို လေ့လာဖို့အတွက် အစည်းအ ဝေးတစ်ခုကို နိုင်ငံတော်မူဝါဒချမှတ်ရေးအဖွဲ့က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂၁ ရက်မှာဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာရအလုပ်သမားများပါတီရဲ့ နိုင်ငံရေးဗျူရိုအစည်းအဝေးမှာ ကော်မတီရဲ့ ဌာန ညွှန်ကြားရေးမှူး ကင်မ်ဆောင်းနမ်က ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ထိပ်သီးတွေ့ဆုံမှုအတွင်း ခေါင်းဆောင် ကင်ရဲ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ပြခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ 

ဒီလိုသွားရောက်လည်ပတ်မှုဟာ အနာဂတ်ခေတ်သစ်မှာ မြောက်ကိုရီးယားနဲ့ရုရှားရဲ့ ဆက်ဆံရေးကို ဗျူဟာ မြောက်အဆင့်သို့ ပြောင်းလဲစေခဲ့ပြီး ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေမှာ လုံးလုံးလျားလျားပြောင်းလဲမှုတွေကို သယ်ဆောင်လာခဲ့ကြောင်း အစီရင်ခံစာက ကိုးကားဖော်ပြထားပါတယ်။ 

အစီရင်ခံစာထဲမှာ မြောက်ကိုရီးယား-ရုရှား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်စီမံကိန်းတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ 

ရုရှားနိုင်ငံသို့ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း ကင်နှင့်ပူတင်တို့ရဲ့ ရုရှားနိုင်ငံအရှေ့ဖျား အမ်မာဒေသရှိ ကော်စမို ဒွမ်မှာတွေ့ဆုံမှုဟာ ၂၀၁၁ နောက်ပိုင်း ကင်မ်အာဏာရလာပြီးနောက် ပြုလုပ်တဲ့ အရှည်ကြာဆုံး ထိပ်သီး ဆွေး နွေးပွဲဖြစ်တယ်လို့လည် သိရပါတယ်။

တွေ့ဆုံမှုအသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်တာမရှိသေးသော်လည်း ထိပ်သီးဆွေး နွေးပွဲအပြီးမှာတော့ နှစ်နိုင်ငံကြား စစ်ရေးနဲ့ အာကာသဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုလုပ်မယ်လို့ ပူတင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ကင်ဂျုံအွန်ဟာ ရုရှားမှ ရိက္ခာအကူအညီအပြင် ဂြိုဟ်တုနည်းပညာတွေနဲ့ နျူကလီးယားစွမ်းအင် သုံး ရေငုပ် သင်္ဘောတွေအတွက် နည်းပညာကိုရယူပြီးခဲ့ကြောင်းလည်း သုံးသပ်နေကြတာပါ။ 

မြောက်ကိုရီးယားအနေနဲ့လည်း ရုရှားအတွက် တင့်ကားဖျက်ဒုံးကျည်တွေအမြောက်အမြောက် များ သန်းနဲ့ချီကာ ပံ့ပိုးကူညီဖို့ ရှိနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်တွေ ကို ကိုးကားပြီး မီဒီယာတွေက ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ 

ဒီလိုသဘောတူညီမှုဟာ ပြုံယမ်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေ ကို ချိုးဖောက် တာဖြစ်ပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးဆက်တွေရှိလာမှာဖြစ်တယ်လို့ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိ ကန်တို့က သတိပေးထားပါတယ်။ 

Ref: asb/pd

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.