September 22, 2023

ပူတင်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားက မူဝါဒချမှတ်ရေးအစည်းအဝေး ကျင်းပ

ဆိုးလ်၊ စက်တင်ဘာ (၂၃) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ မကြာသေးမီက သွားရောက်ခဲ့တဲ့ ရုရှားခရီးစဉ်ကို ပြန်လည်သုံး သပ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကိုခိုင်မာစေမယ့် အနာဂတ်အစီအစဉ်တွေကို လေ့လာဖို့အတွက် အစည်းအ ဝေးတစ်ခုကို နိုင်ငံတော်မူဝါဒချမှတ်ရေးအဖွဲ့က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂၁ ရက်မှာဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာရအလုပ်သမားများပါတီရဲ့ နိုင်ငံရေးဗျူရိုအစည်းအဝေးမှာ ကော်မတီရဲ့ ဌာန ညွှန်ကြားရေးမှူး ကင်မ်ဆောင်းနမ်က…

မြန်မာ့အရေးကို အာဆီယံယန္တရားအတိုင်းသာ ဖြေရှင်းမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော

ဘန်ကောက်၊ စက်တင်ဘာ (၂၃) မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကို ပြန်လည်မြှင့်တင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံယန္တရားအတိုင်း လိုက်ပါဆောင်ရွက်သွားမယ်လို့ အာဏာရ Pheu Thai ပါတီရဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် ပန်ပရီပါဟစ်နူကွန်က ပြောကြားခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုက စတင်လာခဲ့တဲ့ မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ယူဆတာကြောင့် နိုင်ငံအတွင်းဥပဒေတွေနဲ့ အာဆီယံယန္တရားမှတဆင့် ဖြေရှင်း ကိုင်တွယ်ဖို့ သူက ပြောဆိုခဲ့တာပါ။ “ဒေသအတွင်းမှာ…

ဒေသတွင်းဝန်ထမ်းတွေရဲ့ အချက်အလက်အားလုံး လွှဲပြောင်းပေးဖို့ ဟောင်ကောင်ထံ တရုတ် တောင်းဆို

ဘေဂျင်း ၊ စက်တင်ဘာ (၂၃) ဟောင်ကောင်ရှိ ဝန်ထမ်းတွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်တွေကို လွှဲပြောင်းပေးဖို့ တရုတ်က ဟောင်ကောင်နိုင်ငံခြား ကောင်စစ်ဝန်ရုံးတွေထံ တောင်းဆိုလိုက်ပါ တယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြို့တော်ရုံးမှ ပေးပို့တဲ့စာမှာတော့ ဝန်ထမ်းတွေအားလုံး ရဲ့အချက်အလက်တွေကို အောက်တိုဘာ ၁၈ ရက်နေ့ နောက်ဆုံးထား တင်ပြပေးဖို့ တောင်းဆိုထားကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အဲဒီတောင်းဆိုချက်ထဲမှာ…

KNU အုပ်ချုပ်ရေးစတင်နေတဲ့ ဘုရားသုံးဆူမြို့မှာ စစ်တပ်အထွက်ပြ

ဘုရားသုံးဆူ၊ စက်တင်ဘာ (၂၂) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ဖော်ဆောင်နေတဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်ဟာ တပ်ဝင်းထဲကနေ ထွက်လာပြီး မြို့တွင်းထဲမှာ လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလုပ်ငန်းစဉ်တွေ ပျက်ပြယ်သွားခဲ့ပြီးနောက် မြို့တွင်းရှိ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေမှာ…

ဝါရင့်တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်

“အခုချိန်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နောက်ဆုံးအခြေအနေရောက်နေပြီ။ ကမ္ဘာမီးလောင်၊ သားတောင်ချနင်း၊ အဲဒီလို ကိုယ့်တပ်ကိုယ်ပြန်နင်းရတဲ့ ဘဝရောက်သွားပြီ” စစ်ခေါင်းဆောင်ယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့ကို အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတို့နဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ။ စစ်တပ်အကြီးပိုင်းတွေရဲ့ အဂတိလိုက်စား မှုတွေကို ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတဲ့အပေါ် ပြည်သူထုအတွင်း စိတ်ဝင်စားမှုတွေ မြင့်တက်နေသလို တပ်တွင်းပြိုကွဲမှု…

ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံရာချီ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်နေရ

ကော့သောင်း၊ စက်တင်ဘာ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က မလိဝမ်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် မလိဝမိးကျေးရွာက ဒေသခံ ၅၀ နီးပါးဟာ ထိုင်းဘက်ကခြမ်းကို စက်လှေတွေနဲ့…

စစ်အာဏာသိမ်း (၉၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၂) AAPP ရဲ့ စက်တင်ဘာ(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၆၃)ရက်အတွင်း ပြည်သူ (၄၀၉၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

စစ်ကောင်စီရဲ့ အခြေခံစပါးရည်ညွှန်းဈေးနှုန်းသတ်မှတ်မှု တောင်သူတွေလက်မခံ

မော်လမြိုင်၊ စက်တင်ဘာ(၂၂) စစ်ကောင်စီသတ်မှတ်လိုက်တဲ့ အခြေခံစပါးရည်ညွှန်းဈေးနှုန်းဟာ စပါးစိုက်ပျိုးထုတ်လုပ်ရာမှာ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် ဖြစ်သင့်တဲ့နှုန်းထားမဟုတ်ဘဲ စိုက်ပျိုးသူတွေကို အရှုံးပေါ်အောင် လုပ်ဆောင်တာလို့ တောင်သူလယ်သမားတွေက ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခုနှစ် မိုးစပါးပေါ်ကာလမှာ ဝယ်ယူရမယ့် အခြေခံစပါးရည်ညွန်းဈေးနှုန်းကို စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ အခြေခံစပါးရည်ညွှန်းဈေးနှုန်း သတ်မှတ်ရာမှာ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ငစိန်အမျိုးအစား စပါးတင်း၁၀၀ ကို…