ဆိုးလ်၊ စက်တင်ဘာ (၂၂) 

အမေရိကန် စစ်သုံးစာတိုက်ပို့ဝန်ဆောင်မှုမှတဆင့် အမေရိကန်စစ်သား ၁၇ ဦးနဲ့ ဆက်စပ် လူ ၅ ဦးဟာ ဓါတုဆေးခြောက်တွေကို ဖြန့်ဝေဖို့နဲ့ သုံးစွဲဖို့ အတွက် တောင်ကိုရီးယားနိုင်ငံအတွင်းကို သယ်ဆောင်လာ တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာ(၂၀) ရက်နေ့က ပြောကြားခဲ့ ပါတယ်။ 

အမေရိကန်စစ်သားတစ်ဦးကိုမျှ ဖမ်းဆီးထားခဲ့ခြင်းမရှိသေးပေမယ့်လည်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ အဲဒီလူ ပေါင်း၂၂ ဦးကို တရားစွဲဆိုနိုင်ဖို့ အစိုးရရှေ့နေတွေကို တောင်းဆိုထား တာပါ။ 

ဒီလူတွေထဲမှာ ပါဝင်တဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးကိုတော့ ကိုရီးယားရဲတပ် ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဓါတုဆေးခြောက်တွေဟာ တောင်ကိုရီးယားနိုင်ငံအတွင်း သုံးစွဲခွင့် ပိတ်ပင်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေအရ အခုနှစ်ပိုင်းမှာ အမေရိကန်စစ်သားတွေနဲ့ မူးယစ်ဆေးဝါး ဆက်စပ်ခြင်းမှာ မြင့်တက် လျှက်ရှိနေပြီး Snapchat တွေကိုအသုံးပြုကာ သူတို့ရဲ့ အခြေချစစ်စခန်းတွေမှာ ဖြန့်ဖြူးမှုတွေ ပြုလုပ်နေကြတာ ဖြစ်တယ်လို့ တောင်ကိုရီးယား အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ မစ္စတာချာမင်ဆုတ်က ပြောကြားခဲ့တာပါ။

အခုလက်ရှိဖမ်းဆီးထားတဲ့ အရပ်သား ၂ ဦးဆိုတာကလည်း စစ်သားတစ်ဦးရဲ့ ဇနီးမယားဖြစ်သူနဲ့ နောက်စစ် သားတစ်ဦးရဲ့ စေ့စပ်ထားသူတို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 ရဲတပ်ဖွဲ့ရဲ့ လေးလကြာစုံစမ်းစစ်ဆေးမှုကို အမေရိကန်စစ်တပ်ရဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနမှ အကြံပြု ချက်နဲ့ စတင်ခဲ့တာလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

အမေရိကန် စစ်တပ်ကလည်း တရားမဝင်မူးယစ်ဆေးဝါးကို သုံးစွဲခြင်းအလေ့အထနဲ့ စစ်ဘက်ဆိုင်ရာ စာပို့ စနစ်ကို အလွဲသုံးစားပြုလုပ်ခဲ့တာကြောင့် တပ်သားတွေကို တောင်ကိုရီးယားရဲတပ်ဖွဲ့မှ စစ်ဆေးနေတာကို သိရှိထားခဲ့ပြီဖြစ်တယ်လို့ ပြောကြားထားတာပါ။

“လောလောဆယ်မှာ ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး စစ်သားတွေကို ချုပ်နှောင်ထားတာမျိုး မရှိပါဘူး။ အမှုထမ်းတွေ ကို လည်း တောင်ကိုရီးယားဥပဒေ၊ စည်းမျဉ်းတွေ ဒါမှမဟုတ် ညွှန်ကြားချက်တွေကို ချိုးဖောက်ဖို့ ညွှန်ကြား ချက်မရှိတဲ့အပြင် ဒီစုံစမ်းစစ်ဆေးမှုကို ထောက်ခံပါတယ်”လို့ အမေရိကန်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့အနေနဲ့ သံသရတရားခံ ၂၂ ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော် လည်း သူတို့အနက် စစ်သား ၅ ဦး ဟာ ရောင်းဝယ်ရေးမှာ ပတ်သက်နေသူတွေဖြစ် သလို ၁၂ ဦးဟာ သုံးစွဲသူ တွေ ဖြစ်ကြပြီး ကျန် ၃ ဦးကတော့ ဆက်သားလုပ်ဆောင်ဖို့ ဖြစ်တယ် လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့အနေဖြင့် ဆေးခြောက် ၇၆ ဂရမ်ကို သိမ်းဆည်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၂,၈၅၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ 

တောင်ကိုရီးယားဥပဒေမှာ ဆေးခြောက်ကို တင်ပို့ခြင်း၊ တင်သွင်းခြင်းပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ တစ် သက်တစ်ကျွန်းကျခံရနိုင်ပြီး ရောင်းသူ/ဝယ်သူတွေကတော့ အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကျခံရနိုင်ပါတယ်။ 

သုံးစွဲသူတွေကတော့ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ်အမေရိကန်ဒေါ်လာ ၃၇,၆၀၀ အထိ ချမှနိုင်တယ်လို့ သိရ ပါတယ်။ 

Ref;NYTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.