နယူးယောက်၊ စက်တင်ဘာ(၂၂) 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အဆိုးဝါးဆုံး လူ့အအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သေဆုံးမှုတွေကို တားဆီးဖို့ ချဉ်းကပ်တဲ့ လမ်းစဉ်ပြောင်းလဲသင့်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ 

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းဖြုတ်ချပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၁ ရက်နေ့က ကုလလူ့အခွင့်အရေးကောင်စီထံ အစီရင်ခံစာ တင်ပြစဉ် အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုခဲ့တာပါ။ 

အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က စစ်အစိုးရနဲ့ သူ့ရဲ့တပ်ဖွဲ့တွေဟာ လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၈၀၀၀ ကျော် မတရားဖမ်းဆီးခဲ့သလို လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ စုစုပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

သူရဲ့ အစီရင်ခံစမှာတော့ အာဏာသိမ်းစစ်တပ်ဟာ လမ်းပေါ်က ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့ပုံ၊ နေအိမ်တွေမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့ပုံ၊ လူတစ်ဦးချင်းစီကို သေသည်အထိ ရိုက်နှက်ပြီး ဖမ်းဆီးထားစဉ်မှာလည်း သေသည်အထိ နှိပ်စက်ခဲ့ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပခုံးထမ်းလောင်ချာတွေ၊ အော်တိုမက်တစ်လက်နက်တွေနဲ့ အသုံးပြုလုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ ထောက်လှမ်းမှုတွေနဲ့ အစု လိုက်အပြုံလိုက် မီးရှို့မှုတွေကို မြို့ရွာများအားလုံးကိုလည်း ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။ 

စစ်အစိုးရဟာ ရဲတပ်ဖွဲ့နဲ့စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေက မည်သူမည်ဝါမှန်းတောင် မသိနိုင်တဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပါအဝင် စုပေါင်း ပြစ်ဒဏ်ချခြင်းတွေကို ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် စစ်အစိုးရရဲ့ထိုးစစ်ဆင်မှုကြောင့် ကျန်းမာရေးစောင့် ရှောက်မှု အခွင့်အရေးတွေကို ထိခိုက်စေတယ်လို့ မစ္စတာ အင်ဒရူးစ်က သတိပေးခဲ့ပါတယ်။ 

အကြမ်းမဖက် အာဏာဖီဆန်မှုမှာပါဝင်သူတွေကို လက်စားချေတဲ့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို ဖမ်းဆီးကာ နိုင်ထက်စီးနင်းသတ်ဖြတ်နေခဲ့ပါတယ်။ 

ကျေးရွာနဲ့ မြို့မခွဲခြားဘဲ တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်လုပ်တီထွင်ထားတဲ့ လက်နက်တွေကိုသာ အဓိကအားထားနေရပြီး ခြုံခိုစစ်ဆင်ရေးများဖြင့် ကမ္ဘာ့အကြီးဆုံးစစ်တပ်ထဲမှတစ်ခုအား ဆန့်ကျင်လျက်ရှိနေတယ်လို့ မစ္စတာ အင်ဒရူးစ်မှ ပြောကြားခဲ့ပါတယ်။ 

လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားတဲ့ အမှီအခိုကင်းတဲ့ ကျွမ်းကျင်ပညာရှင်ကလည်း အာဏာသိမ်းယူမှု ကြောင့် ကြီးကြီးမားမားအကူညီလိုအပ်နေခဲ့တဲ့ မြန်မာနိုင်ငံသား ၃ သန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရရှိဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Ref: UN News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.