မကွေး – စက်တင်ဘာ(၂၁)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စစ်ပညာမွမ်းမံ သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲကို မကွေးတိုင်းအတွင်းက NUG ထိန််းချုပ်နယ်မြေ မှာ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉) ရက်နေ့ကသင်တန်းဆင်းအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး မကွေး တိုင်း PDF တာဝန်ခံနဲ့ ခရိုင်ရေးထောက် တာဝန်ခံတွေ၊ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြပြီး PDF အလံတော်ကို အလေးပြုတာအပါအဝင် အစီအစဉ်(၅) ရပ်နဲ့ အခက်အနားကျင်းပခဲ့ကြပါတယ်။

သင်တန်းမှာ PDFရဲဘော်တွေလိုက်နာရမယ့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်း(Code of Conduct) တွေသင်ကြားတာ၊၊ စစ်ရေးပြနဲ့လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်တာတွေကို သင်ကြားခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က အသိပေးထားပါတယ်။

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.