ဘန်ကောက်၊ စက်တင်ဘာ (၂၂) 

သင့်တော်တဲ့ ဥပဒေစည်းမျဉ်းတွေမရှိဘဲ မူးယစ်ဆေးဝါးကို ဥပဒေအရ ခွင့်ပြုပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ဥပဒေပြဌာန်းသူတွေဟာ ဆေးခြောက်ကိုဆေးဝါးနဲ့ သုတေသနရည်ရွယ်ချက်တွေ အတွက်သာ သုံးစွဲဖို့ ကြီးမားကျယ်ပြန်တဲ့ ဥပဒေတစ်ရပ်ကို အသစ်ပြန်လည်ရေးဆွဲမယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံး အရှေ့ တောင်အာရှ နိုင်ငံဖြစ်လာခဲ့ပေမယ့်လည်း တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိခဲ့တာ ကြောင့် အထူးသဖြင့် ကလေးအရွယ်တွေကြား အသုံးမပြုနိုင်စေဖို့ အစိုးရအနေနဲ့ ကာကွယ်ရေး စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ရပါတယ်။ 

ဆေးခြောက်ရောင်းဝယ်ရေးဆိုင်တွေဟာလည်း မြို့တော်ဘန်ကောက်နဲ့ ဖူးခက်မြို့တို့လို နေရာတွေမှာ အလျင်အမြန်များပြားလာခဲ့တာပါ။

“ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်နဲ့ သုတေသနအတွက် သုံးဖို့ဆိုတာကို ထပ်ပြီး အသိပေးဖို့ လိုပါတယ်။ အပန်းဖြေရေး အသုံးပြုဖို့အတွက် မူဝါဒတော့မရှိပါဘူး” လို့ Bhumjaithai ပါတီက ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဆေးခြောက်ကိစ္စရပ်နဲ့ပတ်သက်ပြီး အသစ်ထုတ်ပြင်ဆင်နေတဲ့ ဥပဒေမူကြမ်းမှာ လူထုအကြား သုံးစွဲမှုကို တားမြစ်တဲ့အတိုင်းအတာတွေပါဝင်ပြီး အလွဲသုံးစားပြုမှုကို ထိန်းချုပ် တဲ့ အရာတွေပါဝင်လာမှာ ဖြစ်ပြီး ဒီဥပဒေ အဆုံးသတ်ထုတ်ပြန်ဖို့ တစ်နှစ်အချိန်ယူမှာလည်းဖြစ် ပါတယ်။ 

ဥပဒေထဲမှာ အပင်တွေစိုက်ပျိုးတာ၊ ရောင်းဝယ်တာနဲ့ ဖြန့်ဖြူးခြင်းတို့အတွက် ပြစ်မှု၊ ပြစ်ဒဏ်တွေအပြင် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ပန်းခြံတို့လိုနေရာမျိုးတွေမှာ ပိုမိုတင်းကျပ်တဲ့ အတိုင်းအတာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ရက်သီတင်းပတ်တွင်း ဝန်ကြီးချုပ် ဆရီထာသာဗီဆင်ကတာ့ သူ့အနေနဲ့ကတော့ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာမှာ သုံးစွဲဖို့ကိုသာ ထောက်ခံပြီး အပန်းဖြေရေးအတွက် အသုံးပြုခြင်းကို မဖြစ်စေရဘူး လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။ 

Ref: Reuters/wk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.