လွိုင်ကော် – စက်တင်ဘာ(၂၁)
ကယားပြည်နယ်မှာ အမျိုးသမီးရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုံခြုံရေးအရ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း-၁၂က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေဟာ လက်နက်ကိုင်တိုက်ပွဲဝင်မှုတွေနဲ့ အတူ နောက်တန်းတာဝန်တွေဖြစ်တဲ့ ထောက်ပို့၊ ဘဏ္ဍာငွေရှာဖွေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရုံးပိုင်းဆိုင်ရာ စာရင်းပြုစုမှုတွေမှာ ပါဝင်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အမျိုးသားရဲဘော်တွေနဲ့တန်းတူ အမျိုးသမီးရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်မားစေဖို့အတွက် လှုပ်ရှားမှုတချို့ကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်တယ် လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KNDF