September 21, 2023

ဆေးခြောက်သုံးစွဲမှုကို တင်းကျပ်မယ့် ဥပဒေအသစ်ပြဌာန်းဖို့ ထိုင်းလွှတ်တော်အမတ်တွေ ပြင်ဆင်

ဘန်ကောက်၊ စက်တင်ဘာ (၂၂) သင့်တော်တဲ့ ဥပဒေစည်းမျဉ်းတွေမရှိဘဲ မူးယစ်ဆေးဝါးကို ဥပဒေအရ ခွင့်ပြုပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ဥပဒေပြဌာန်းသူတွေဟာ ဆေးခြောက်ကိုဆေးဝါးနဲ့ သုတေသနရည်ရွယ်ချက်တွေ အတွက်သာ သုံးစွဲဖို့ ကြီးမားကျယ်ပြန်တဲ့ ဥပဒေတစ်ရပ်ကို အသစ်ပြန်လည်ရေးဆွဲမယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံး အရှေ့ တောင်အာရှ နိုင်ငံဖြစ်လာခဲ့ပေမယ့်လည်း တိကျတဲ့…

မြန်မာ့အရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှု လမ်းကြောင်းပြောင်းသင့်ပြီလို့ ကုလအထူးကိုယ်စား လှယ်ပြော

နယူးယောက်၊ စက်တင်ဘာ(၂၂) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အဆိုးဝါးဆုံး လူ့အအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သေဆုံးမှုတွေကို တားဆီးဖို့ ချဉ်းကပ်တဲ့ လမ်းစဉ်ပြောင်းလဲသင့်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းဖြုတ်ချပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၁ ရက်နေ့က ကုလလူ့အခွင့်အရေးကောင်စီထံ အစီရင်ခံစာ…

အမေရိကန်စစ်သား ၁၇ ဦးကို မူးယစ်ဆေးဝါးအမှုတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယား သံသယရှိနေ

ဆိုးလ်၊ စက်တင်ဘာ (၂၂) အမေရိကန် စစ်သုံးစာတိုက်ပို့ဝန်ဆောင်မှုမှတဆင့် အမေရိကန်စစ်သား ၁၇ ဦးနဲ့ ဆက်စပ် လူ ၅ ဦးဟာ ဓါတုဆေးခြောက်တွေကို ဖြန့်ဝေဖို့နဲ့ သုံးစွဲဖို့ အတွက် တောင်ကိုရီးယားနိုင်ငံအတွင်းကို သယ်ဆောင်လာ တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာ(၂၀) ရက်နေ့က ပြောကြားခဲ့ ပါတယ်။ အမေရိကန်စစ်သားတစ်ဦးကိုမျှ ဖမ်းဆီးထားခဲ့ခြင်းမရှိသေးပေမယ့်လည်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ အဲဒီလူ…

ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်တန့်သွားပြီး KNU အုပ်ချုပ်ရေးစတင်

ဘုရားသုံးဆူ၊ စက်တင်ဘာ ၂၁ ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့ဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်နေပြီလို့ ဘုရားသုံးဆူးဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်မှာ အုပ်ချုပ်ရေးအတွက် KNU က အုပ်စုမှူးခန့်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ KNU ဥပဒေအတိုင်း…

ပေါင်မှာ စစ်ထောက်လှမ်းရေး သတင်းပေးတစ်ဦး ပစ်သတ်ခံရ

ပေါင် – စက်တင်ဘာ(၂၁) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအနီးရှိ ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က စစ်ထောက်လှမ်း ရေး သတင်းပေးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မုတ္တမကနေ အုန်းတပင်ကျေးရွာကို တစ်ဦးတည်း ကားမောင်းပြီး ပြန်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) သတင်းပေး…

ကယားမှာ အမျိုးသမီးရဲဘော်တွေပါ ပြည်သူတွေရဲ့ လုံခြုံရေးဆောင်ရွက်ပေးနေ

လွိုင်ကော် – စက်တင်ဘာ(၂၁) ကယားပြည်နယ်မှာ အမျိုးသမီးရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လုံခြုံရေးအရ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း-၁၂က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေဟာ လက်နက်ကိုင်တိုက်ပွဲဝင်မှုတွေနဲ့ အတူ နောက်တန်းတာဝန်တွေဖြစ်တဲ့ ထောက်ပို့၊ ဘဏ္ဍာငွေရှာဖွေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရုံးပိုင်းဆိုင်ရာ စာရင်းပြုစုမှုတွေမှာ ပါဝင်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အမျိုးသားရဲဘော်တွေနဲ့တန်းတူ…

မကွေးမှာ စစ်ပညာမွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

မကွေး – စက်တင်ဘာ(၂၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စစ်ပညာမွမ်းမံ သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲကို မကွေးတိုင်းအတွင်းက NUG ထိန််းချုပ်နယ်မြေ မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉) ရက်နေ့ကသင်တန်းဆင်းအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး မကွေး တိုင်း PDF တာဝန်ခံနဲ့ ခရိုင်ရေးထောက် တာဝန်ခံတွေ၊ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြပြီး PDF အလံတော်ကို…

တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် ကွယ်လွန်

မော်လမြိုင် ၊ စက်တင်ဘာ (၂၁) တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်ဟာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ နိုင်သက်လွင်ဟာ အမျိုးသားဒီမိုကရေစီအစိုးချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ…