ရေဖြူ၊ စက်တင်ဘာ(၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်နေတဲ့ ရေဖြူစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စနိုက်ပါသမား ၃ ဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ အခင်းဖြစ်ရာ နေ ရာမှာပဲ လဲကျသေဆုံးသွားတယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးရဲ့ အလောင်းတွေကို ညနေပိုင်းမှာ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို DDT တပ်ခွဲ ၃ ၊ ဝေဟင်အဖွဲ့ ရေဖြူ နဲ့နဂါးနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ကလည်း ရပ်တော်မူဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တိုက် ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.