ဘန်ကောက်၊ စက်တင်ဘာ (၂၁) 

မကြာသေးမီနှစ်တွေအတွင်း လူပေါင်းရာနဲ့ချီ တရားစွဲဆိုခံထားရတဲ့ ထိုင်းတော်ဝင်မိသားစု အပေါ် အသရေဖျက်မှုဥပဒေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လမ်းဖွင့်ပေးသင့်တယ်လို့ ထိုင်းဘုရင့်ရဲ့ ဒုတိယမြောက်သားဖြစ်သူက တိုက်တွန်းပြောကြား လိုက်ပါတယ်။

ထိုင်းတော်ဝင်မိသားစုအပေါ် ဝေဖန်ပုတ်ခတ် စော်ကားမှုတွေကိုထိန်းချုပ်တဲ့ နိုင်ငံရဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်းလမ်းဖွင့်ဆွေးနွေးသင့်တယ်လို့ ထိုင်း ၁၀ ဆက်မြောက်ဘုရင့်ရဲ့ သားဖြစ်သူက မစ္စတာ ဗာချာရီဆွန်ဟာ တိုက်တွန်းပြောဆိုခဲ့တာပါ။

 မစ္စတာ ဗာချာရီဆွန်ဟာ ဘုရင် မဟာဗီချရာလောင်ကွန်ရဲ့ ဒုတိယသားဖြစ်ပြီး တင်းကျပ်တဲ့ ထိုင်းတော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဥပဒေနဲ့ တရားစွဲခံရသူတွေအကြောင်းပြသတဲ့ နယူးယောက်မြို့ရဲ့ ပြပွဲတစ်ခုမှာ ပြောဆိုခဲ့တာပါ။ 

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း ၁၁၂ ကို မကြာခဏရည်ညွှန်းပြောဆိုလေ့ရှိကြတဲ့ အဲဒီဥပဒေဟာ ဘုရင်နဲ့ နီးစပ်တဲ့မိသားစုတွေအပေါ် ဝေဖန်ခြင်းကနေ ကာကွယ်ပေးတဲ့ ဥပဒေဖြစ်နေပြီး ကြီးလေးတဲ့ပြစ်ဒဏ်၊ ထောင် ဒဏ်တွေကိုလည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

“ဘုရင်စနစ်ကို ချစ်မြတ်နိုးလေးစားတဲ့ ထိုင်းအမျိုးသားတစ်ဦးအနေနဲ့ တက်ရောက်ခဲ့ပေမယ့် ‘သိခြင်း’ ဟာ ‘မသိခြင်း’ ထက် ပိုကောင်းတယ်လို့ ယုံကြည်ပါတယ်။ လူတိုင်းဟာ မတူကွဲပြား တဲ့အတွေ့အကြုံပေါ် မူတည်ပြီး သူတို့ရဲ့ အမြင်တွေကို မျှဝေသင့်ပါတယ်။ အမြင်တွေကို လျစ် လျူရှုရုံနဲ့ ပျောက်ကွယ်မသွားနိုင်တာကြောင့် သူတို့ကို နားထောင်တာက ကောင်းတဲ့အရာ ပါ” လို့ မစ္စတာဗာချရီဆွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထိုင်းဘာသာဖြင့် ရေးသားထားခဲ့တာပါ။ 

နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကတော့ ဆန့်ကျင်မှုတွေမရှိအောင်လို့ အဲဒီဥပဒေကို လက်နက်သဖွယ် အသုံးချနေတာပါလို့ ပြောဆိုထားကြပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ပြီးခဲ့တဲ့မေလရွေးကောက်ပွဲမှာ ထိပ်တန်းအဆင့်အနိုင်ရခဲ့တဲ့ Move Forward ပါတီကလည်း အသရေဖျက်မှု ဥပဒေပြောင်းလဲရေးကို တောင်းဆိုထားတာပါ။

အဲဒီအခြေအနေကြောင့်ပဲ ထိုင်းပါလီမန်အတွင်းရှိ ရှေးရိုးစွဲ တော်ဝင်ထောက်ခံသူတွေက Move Forward ပါတီအာဏာရရေးကို ပိတ်ဆိုခဲ့တာဖြစ်ပါတယ်။ 

ပြည်ပရောက် ထိုင်းတော်ဝင်ပညာရှင်ဘာဗင် ကိုလမ်ဘီယာတက္ကသိုလ်မှာပြုလုပ်တဲ့ “Faces of Victims of 112” ပြပွဲကို ဘုရင့်သားဖြစ်သူ မစ္စတာဗာချရီဆွန် တက်ရောက်ခဲ့ကြောင်း AFP သတင်းဌာနက အတည်ပြုထားပါတယ်။ 

ဘုရင့်သားအနေနဲ့လည်း ဒီဥပဒေကိစ္စရပ်တွေကို စိတ်ဝင်စားပြီး သူ့အနေနဲ့ သဘောထား ကွဲလွဲမှုတွေရှိပေမယ့် အပြန်အလှန်ပြောဆိုနိုင်မယ့် လမ်းကြောင်းတစ်ခုရှိသင့်တယ်လို့ ပြောကြားခဲ့တာပါ။ 

မစ္စတာဗာချရီဆွန်ဟာ ထိုင်းနိုင်ငံအတွင်းထိလွယ်ရှလွယ်နိုင်ငံရေး အခြေအနေဖြစ်နေတဲ့ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုင်းနန်းတော်ကတော့ သူ့ရဲ့ခရီးစဉ်နှင့်ပတ်သက်လို့ မှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ 

အိမ်ထောင်လေးဆက်ပြုထားပြီး ကလေး ၇ ဦးရှိတဲ့ ထိုင်းဆယ်ဆက်မြောက်ဘုရင်အနေနဲ့ သူ့အရိုက်အရာကို ဆက်ခံမယ့်သူကိုတာ့ ထုတ်ဖော်ပြောကြားခြင်းလည်းမရှိသေးတာဖြစ်ပါ တယ်။ 

Ref-AFP/yb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.