FILE PHOTO: The entrance of the International Criminal Court (ICC) is seen in The Hague March 3, 2011. REUTERS/Jerry Lampen/File Photo

သည်ဟိတ်၊ စက်တင်ဘာ (၂၁) 

စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အလွန်အကဲဆတ်တဲ့အချက်အလက်တွေကို ကိုင်တွယ်နေရတဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)ရဲ့ ဆိုက်ဘာဖောက်ထွင်းခံရကြောင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ICC က သူ့ရဲ့ကွန်ပျူတာကွန်ရက်မှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင် ချက်တွေ တွေ့ရှိခဲ့ကြောင်းပြောဆိုခဲ့ပြီး မူမမှန်မှုတွေကို အခုထိလည်းတွေ့နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ 

ကွန်ပျူတာစနစ်ဟက်ခ်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အပြည့်အဝဖြေရှင်းပြီးစီးမှုအခြေအနေ အပါအဝင် နောက်ကွယ်မှာ ဘယ်သူရှိနိုင်မလဲဆိုတဲ့မေးမြန်းမှုကိုတော့ ICC ပြောရေးဆိုခွင့်ရှိသူ က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 “ဒီဆိုက်ဘာလုံခြုံရေး မတော်တဆမှုကို တုံ့ပြန်ဖို့နဲ့ သူ့ရဲ့အကျိုးသက်ရောက်မှု လျော့ပါးစေဖို့ အတွက် အမြန် ဆုံးအစီအမံတွေကို ချမှတ်ထားပါတယ်”လို့ ICC ရဲ့ အတိုချုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ICC ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အမြဲတမ်းစစ်ရာဇဝတ်မှုခုံရုံးတစ်ခုဖြစ်ပြီး စစ်ရာဇ ဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

ICC တရားရုံးမှာ ယူကရိန်း၊ ယူဂန်ဒါ၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် အခြားနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေဟာ စုံစမ်းစစ်ဆေးမှု (၁၇) ခု ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့မတ်လက တရားရုံးက ကလေးငယ်တွေကို ယူကရိန်းကနေ တရားမဝင်နှင်ထုတ်တယ် ဆိုတဲ့ သံသယ ဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ခေါင်းကြီး ပိုင်းသတင်းတွေ ထွက်ပေါ် လာခဲ့ပြီး ကရင်မလင်ဘက်ကလည်း အဲဒီစွပ်စွဲချက်နဲ့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်တွေကို ပယ်ချခဲ့ပါတယ်။

 ICC မှာ ထိန်းသိမ်းထားတဲ့ အလွန်အကဲဆတ်တဲ့ စာရွက်စာတမ်းတွေထဲမှာ ပြစ်မှုဆိုင်ရာ အထောက်အထားတွေမှအစ ကာကွယ်ပေးထားတဲ့ သက်သေတွေရဲ့အမည်တွေအထိ ဘယ် အရာမဆို ပါဝင်နိုင်တယ်လို့ ဆိုခဲ့ပေမယ့်လည်း တရားရုံးကတော့ သူတို့ကွန်ပျူတာ စနစ်တွင်းရှိ မည်သည့်အပိုင်းကို ဝင်ရောက်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

နယ်သာလန်အစိုးရရဲ့အကူအညီဖြင့် အခုဖြစ်ရပ်မှ အကျိုးသက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာပြီး လျော့ပါးသက်သာစေဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း တရားရုံးက ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေမယ့် ခြေလှမ်းတွေလုပ်ဆောင်နေတယ်လို့ တရားရုံးကဆိုပါတယ်။ 

နယ်သာလန်တရားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံရဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေး စင်တာဟာ လက်ရှိ စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးကူညီနေကြောင်း အတည်ပြုခဲ့ပေမယ့် အခြားသော မှတ်ချက်တွေအတွက်တော့ ငြင်းဆိုခဲ့ပါတယ်။ 

ICC ရှေ့နေအသင်းဥက္ကဋ္ဌကလည်း တရားခံတွေနဲ့ တရားပြိုင်ရှေ့နေတွေဟာ တရားရုံးဝန်ထမ်း တွေနဲ့ထပ်တူ ထိခိုက်ခဲ့တယ်လို့ဆိုခဲ့ပြီး အခြေအနေကို ဆောလျင်စွာဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့တာပါ။ 

ICC က ဂျော်ဂျီယာနဲ့ ယူကရိန်းတို့မှာ ဖြစ်နိုင်ခြေရှိတဲ့ ရုရှားစစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး နေတာကြောင့် ရုရှားက ဒီအချက်တွေကိုစိတ်ဝင်စားဖွယ်ရှိနေကြောင်း ဒတ်ခ်ျထောက်လှမ်းရေး အေဂျင်စီ (AIVD) က 2022 နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ICC ရဲ့ရှေ့နေ ကာရင်ခမ်းကလည်း ဒီဆိုက်ဘာတိုက်ခိုက်မှုတွေဟာ အနာဂတ်စစ်ပွဲရာဇဝတ်မှု တွေကို စုံစမ်း ဖို့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း ဆိုခဲ့ပြီး ICC ကိုယ်တိုင်က ထိခိုက်လွယ်နိုင် တဲ့အတွက် သူကိုယ်တိုင်ရဲ့ လုံခြုံ ရေးကို အားကောင်းစေဖို့ လုပ်ဆောင်သင့်တယ်လို့ သတိပေး ခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.