U.S. President Joe Biden, rear left, Japanese Prime Minister Fumio Kishida, rear center, and European Commission President Ursula von der Leyen, rear right, with other world leaders, attend an event on global infrastructure and investment during the G7 Summit in Hiroshima, Japan, Saturday, May 20, 2023. (Japan Pool via AP)

တိုကျို၊ စက်တင်ဘာ(၂၀)

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သီးခြားတွေ့ဆုံမှုမှာ ရုရှားရဲ့ရန်စမှုတွေရပ်တန့်နိုင်အောင် တရုတ်အနေ နဲ့ဖိအားပေးဖို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

G7 အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျပန်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အဖွဲ့ဝင်နိုင်ငံ တွေဟာ ယူကရိန်းမှ ရုရှားတပ်တွေကို အပြီးအပြတ်ခြွင်းချက်မရှိ ချက်ချင်းဆုတ်ခွာဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ရုရှားကိုတွန်းအားပေးဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။ 

အဲဒီထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ထိပ်တန်းသံတမန်ဝမ်ရိ ရုရှားနိုင်ငံသို့ (၄) ရက်ကြာ အလည်အပတ်ခရီးစဉ်အပြီးသမ္မတဗလာဒီမာပူတင်တရုတ်သို့လာရောက်နိုင်ချေမြင့်တက်နေတဲ့အချိန်မှာ ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။ 

G7 အဖွဲ့ဝင်တွေဟာ ဂျဲဒတ်မှာကျင်းပခဲ့တဲ့ ယူကရိန်းဦးဆောင်သောအစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှုကို ကြိုဆိုခဲ့ပြီး ယူကရိန်းနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုအပါအဝင် တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း ရေးရရှိဖို့ တရုတ်နိုင်ငံအား ထပ်မံအားပေးထောက်ခံဖို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ 

ပူတင်အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က မော်စကိုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပြီး စစ်ရေးအရ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာကာ ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့အခြား အနောက်မဟာမိတ်နိုင်ငံ တွေကို စိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ (၁၈) လကျော်အတွင်း များပြားလှတဲ့ လက်နက်တွေသုံးစွဲနိုင်ခဲ့တဲ့ ရုရှားနိုင်ငံအား မြောက် ကိုရီးယားက လက်နက်တွေ ထောက်ပံ့ပေးတာဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေအပေါ် ပြုံယမ်းနဲ့ မော်စကိုတို့က ငြင်းဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.