FILE PHOTO: U.S. President Joe Biden meets with Vietnam's President Vo Van Thuong at the Presidential Palace in Hanoi, Vietnam, September 11, 2023. REUTERS/Evelyn Hockstein/File Photo

ဝါရှင်တန်၊ စက်တင်ဘာ(၂၀)

အမေရိကန်သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်မတိုင်ခင် ဗီယက်နမ်တက်ကြွလှုပ်ရှားသူနှစ်ဦးကို အမေရိကန်သို့ ပြောင်းရွှေ့အခြေချခွင့်ပေးဖို့ နှစ်ဖက်အစိုးရ သဘောတူညီရရှိခဲ့တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

ဒီတက်ကြွလှုပ်ရှားသူနှစ်ဦးကို ဗီယက်နမ်ကွန်မြူနစ်အစိုးရက မှားယွင်းထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရဘက်က ထင်မြင်ယူဆထားတာပါ။ 

ရဲတပ်ဖွဲ့ရဲ့ အလွဲသုံးစားပြုလုပ်နေမှုတွေအတွက် တာဝန်ခံမှုရှိဖို့ စည်းရုံးလှုံ့ဆော်ခဲ့တဲ့ ကက်သလစ်ဘာသာဝင် လူ့အခွင့်အရေးရှေ့နေတစ်ဦးဟာ မွေးရပ်ဇာတိမှ ပြည်နှင်ခံရပြီးနောက် သူ့ရဲ့မိသားစုဝင်တွေကလည်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့အတွက် ဗီယက်နမ်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။

သူတို့ဟာ အမေရိကန်နိုင်ငံရဲ့ ဦးစားပေးအဆင့်(၁) ဒုက္ခသည်အစီအစဉ်အရ အခြေချနေထိုင် ရေးကိုပါ ရရှိမှာဖြစ်ပါတယ်။ ဗီယက်နမ်အစိုးရအနေနဲ့ အဲဒီတက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချထားတာမျိုးမဟုတ်ဘဲ ဗီယက်နမ်နိုင်ငံကန ထွက်ခွာခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခရီးစဉ်မတိုင်ခင် အမေရိကန်အစိုးရဘက်ကနေ ဒီတက်ကြွလှုပ်ရှားသူ ၂ ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဗီယက်နမ်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သဘောတူပေးခဲ့ပါတယ်။ 

ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ ဗီယက်နမ်နိုင်ငံ အတွင်း လုပ်ငန်း ဆောင်ရွက်ခွင့်၊ အကျဉ်းထောင်အခြေအနေတွေနဲ့ လုပ်သားဥပဒေပါ အကြောင်းအရာတချို့ကိုလည်း သီးသန့်သဘောတူညီချက်တွေကို ဗီယက်နမ်ဘက်က လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက လွတ်လပ်စွာကြည့်ရှုခွင့်မရခဲ့တဲ့ အဲဒီနှစ်နိုင်ငံကြား သီးသန့်သဘောတူ ညီချက်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အဲဒီသဘောတူညီချက်ထဲမှာတော့ အဆင့်မြင့်နည်းပညာပိုင်ရှင် ခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်သမ္မတဘိုင်ဒန်ကို သတ်မှတ်ထားတဲ့ ခရီးစဉ်အတွင်းမှာ ဗီယက်နမ်ဘက်က တရုတ်နဲ့ ရုရှားနိုင်ငံတို့နဲ့အတူ အမေရိကန်နိုင်ငံကို ဟနွိုင်းအစိုးရရဲ့ အဆင့်အမြင့်ဆုံးသံတမန်အနေအထား တစ်ခုဆီ တိုးမြှင့်ပေးဖို့ သဘောတူထားတယ်လို့ ဖော်ပြထားပါတယ်။

Ref-Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.