TLT Tv ||-သံလွင်တိုင်းမ်ရဲ့ International Weekly Review အစီအစဉ်
https://youtu.be/m1b_5FPHAW4
https://youtu.be/m1b_5FPHAW4
ထားဝယ်၊ စက်တင်ဘာ(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဝန်ကြီးလမ်းကြောင်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF) ထံကနေ သိရပါတယ်။ တပ်အင်အား ၇၀ နီးပါးနဲ့ ဝန်ကြီးလမ်းကြောင်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ထားဝယ်ပြောက်ကျား…
မော်လမြိုင်၊ စက်တင်ဘာ(၁၇) အခုလတည်းမှာပဲ တပ်စခန်း ၃ ခုအထိ ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာအပြင် စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ KNU အုပ်ချုပ်နယ်မြေတွေမှာရှိတဲ့ စစ်ကောင်စီ သစ်ချဆိပ်စခန်း၊ ဆာလော်ကျိုးခေးပူစခန်းနဲ့ ရေတလျောက်တပ်စခန်း ၃ ခုကို စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း…
မော်လမြိုင်၊ စက်တင်ဘာ(၁၇) နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စက်သုံးဆီဈေးဟာ နေ့စဉ်ဆိုသလို ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမြင့်ပိုင်းမှာပဲရှိခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေးတွေဟာ စက်တင်ဘာပထမအပတ်ကစပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၉၀၀ ကနေ ကျပ် ၃၄၀၀ ကျော်အထိ ဈေးနှုန်းကျဆင်းလာသလို ထိုင်းဘတ်ငွေဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၉၉ ကျပ်နီးပါးအထိ…
မော်လမြိုင် ၊ စက်တင်ဘာ (၁၇) မွန်ပြည်နယ်အတွင်းရှိ ကုန်စုံဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းချထားမှု ရှိမရှိ စစ်ဆေးတာတွေ ပြုလုပ်နေပြီး မဖြစ်မနေ ဆိုင်တင်ရောင်းချကြဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတယ်လို့ ဆိုင်ပိုင်ရှင်တွေနဲ့ မြို့ခံတွေဆီက သိရပါတယ်။ အခုရက်ပိုင်းအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နဲ့ ရေးမြို့နယ်တို့မှာ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေဟာ ရဲ၊စစ်တပ်တွေရဲ့ လုံခြုံရေးအကာအကွယ်နဲ့ မြို့ပေါ်နှင့် ကျေးရွာတချို့က…
ကျိုက်ထို၊ စက်တင်ဘာ(၁၇) မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့သထုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲရဲစခန်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ်…
ပုလော၊ စက်တင်ဘာ(၁၇) နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး လက္ကူးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာ…