ကျိုက်ထို ၊ စက်တင်ဘာ (၁၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နေ ဒုဗိုလ်မှူးကြီးအငြိမ်းစား ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်ဟာ ကျိုက်ပိကျေးရွာအပါအဝင် မြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ဆက်စပ်နေတယ်ဆိုတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်ဟာ ကျိုက်ပိကျေးရွာအပါအဝင် မြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ဆက်စပ်နေတယ်ဆိုတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေ တက္ကစီသမား ကိုဗလ၊ ကျိုက်ထိုဘူတာလမ်းနေ လင်မယား ၂ ဦးနဲ့ မြောက်ပိုင်းရပ်ကွက်နေ အမျိုးသား ၂ ဦး၊ စုစုပေါင်း အရပ်သားပြည်သူ ၅ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီက ကျိုက်ထိုမြို့မရဲစခန်းနဲ့ စစ်ကြောရေးသို့ ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်တပ်အငြိမ်းစား ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရတဲ့ဖြစ်စဉ်အတွင်း ဇနီးဖြစ်သူ ဒေါ်စန္ဒာစိုး သေဆုံးပြီး အသက် ၇ နှစ်အရွယ် သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံ ၅၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အဲဒီထဲကဒေသခံ ၃၀ ကျော်ဟာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – CJ

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.