ဘန်ကောက်၊ စက်တင်ဘာ(၁၆) 

ထိုင်းနိုင်ငံရဲ့ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်း ဆောင် ဖိတာလင်ဂျာရွတ်က ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ စက်တင်ဘာ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

 စိန်ခေါ်သူလူငယ်တွေဦးဆောင်တဲ့ Move Forward Party (MFP) ပါတီဟာ ရွေးကောက်ပွဲမှာ ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါး စစ်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်မှုစနစ်အတွင်း မဲဆန္ဒရှင်တွေရဲ့ အုံကြွမှုကနေ အရင်းပြုခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ပါလီမန်မှာ ကွန်ဆာဗေးတစ်အုပ်စုတွေရဲ့ တားမြစ်ခံခဲ့ရတဲ့အတွက် ဖိထာဟာဝန်ကြီးချုပ်ဖြစ်မ လာခဲ့ဘဲ နောက်ပိုင်းမှာတော့ လွှတ်တော်အမတ်အဖြစ်ကနေပါ ရပ်ဆိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

MFP ပါတီဟာ စစ်တပ်ကို လိုလားတဲ့ ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး အတိုက်အခံလုပ်မယ်လို့ ပြောလာတဲ့ ပြိုင်ဘက်ဖွေ့ထိုင်းပါတီနဲ့ ညွန့်ပေါင်းမိတ်ဖက်အဖြစ်မှ နှုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

 “ပါလီမန်မှာ အသံထွက်နိုင်တဲ့ လွှတ်တော်အမတ်တစ်ယောက်အတွက် လမ်းခင်းဖို့ MFP ရဲ့ ပါတီခေါင်းဆောင် အဖြစ်ကနေ နှုတ်ထွက်ခဲ့တယ်” လို့ ဖိတာက သူ့ရဲ့တရားဝင်ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါ တယ်။

 လက်ရှိဥပဒေအရ အတိုက်အခံပါတီခေါင်းဆောင်ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမှာ ဖြစ်ပါတယ်။

 “ကျွန်တော်ရဲ့ ပါလီမန်အမတ်ရာထူးကို ဆိုင်းငံ့ထားတာကြောင့် မကြာမီကာလအတွင်းမှာ လွှတ်တော်အမတ်ရာ ထူးနဲ့ အတိုက်အခံခေါင်းဆောင်အဖြစ် ရှိလာနိုင်တော့မှာမဟုတ်ပါဘူး” လို့ ဖိတာက ရေးသားခဲ့တာပါ။

 ပြီးခဲ့တဲ့ ဇူလိုင်လက ဖိတာဟာ ဖျက်သိမ်းသွားပြီဖြစ်တဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ သူ့ရဲ့ အစုရှယ်ယာပိုင်ဆိုင် မှုနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ချက်ကို စောင့်ဆိုင်းနေစဉ်မှာပဲ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရတာဖြစ်ပါတယ်။ 

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အမတ်တွေအနေနဲ့ မီဒီယာရှယ်ယာတွေပိုင်ဆိုင်ခွင့်ကို တားမြစ် ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖိတာဟာပါတီထဲမှာ နီးနီးကပ်ကပ် ပါဝင်နေမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ 

“ကျွန်တော်ရဲ့အခန်းကဏ္ဍက ဘယ်လိုပဲဖြစ်နေပါစေ MFP မှာ ဆက်လက်ပါဝင်နေမှာဖြစ်ပြီး စွမ်းဆောင်ရည် အပြည့်အဝနဲ့ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်သွားမှာပါ ” လို့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.