ထားဝယ်၊ စက်တင်ဘာ(၁၃)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က စနိုက်ပါအပြင် လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စနိုက်ပါနဲ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ အခင်းဖြစ်ရာနေရာပဲ သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်လာစဉ် စစ်ဆေးရေးဂိတ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဘုရားမဲစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူထံကနေ ငွေကြေးတောင်းယူတာ၊ ဒေသခံပြည်သူတ ချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် နာမည်းဆိုးနဲ့ ကျော်ကြားတာပါ။
အခုစက်တင်ဘာလထဲမှာ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အာစုးပူးပေါင်းတပ်ဖွဲ့က ၃ ကြိမ်တိုင် လာရောက်တိုက်ခိုက်ထားပြီး စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DGRF