ဖနွမ်းပင်၊ စက်တင်တာ(၁၂) 

ကောစင်တာလိမ်လည်ဂိုဏ်းမှာ ပါဝင်ပတ်သက်မှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ကမ္ဘောဒီးယားမှာ ဖမ်းဆီးခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဆူပိုဝမ်ဝိမ်ဆိုသူဟာ ကောစင်တာလိမ်လည်မှုကွန်ရက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး သူနဲ့အတူ အမျိုးသမီးငယ်သုံးဦးတို့က လိမ်လည်ဖို့ သားကောင်တွေကို ဖုန်းခေါ်ဆိုကြတာလို့ ဆိုပါတယ်။

 သူတို့ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုမှာ ပါဝင်မှု၊ လိမ်လည်မှုနဲ့ ကွန်ပျူတာရာဇဝတ်မှု ဆိုင်ရာ စွဲချက် တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တရားဥပဒေအရ အရေးယူဖို့အတွက် ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။ 

အာဏာပိုင်တွေက သံသယရှိသူထံမှ လက်ကိုင်ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေနဲ့ ငွေသား ဘတ် (၂၄၀၀၀၀) ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံ ပွိုက်ပက်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အဲဒီလူလေးဦးဟာ အဖွဲ့ဝင် (၃၀) ပါဝင်တဲ့ ကောစင် တာလိမ်လည်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒုတိယအမျိုးသားရဲချုပ် ဆူရာချိုက်ဟက်ကမ်က ပြောကြား ခဲ့ပါတယ်။

 အဲဒီလူဆိုးဂိုဏ်းရဲ့ လုပ်ရပ်တွေကြောင့် လူသေဆုံးမှုတွေလည်းရှိခဲ့ရပါတယ်။ ဒီလူလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီး ဩဂုတ် (၂၈) ရက်ကနေ့ များပြားတဲ့အကြွေးကြောင့် အမျိုးသားတစ်ဦးဟာ အသက် (၄၄) နှစ်ရှိ ဇနီးနှင့် အသက် (၉) နှစ်နှင့် (၁၃) နှစ်ကြား ကလေးငယ်နှစ်ဦးကို သတ်ပစ်စေခဲ့တဲ့အထိ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်စေခဲ့ပါတယ်။ 

အသက် ၄၁ နှစ်အရွယ် အမျိုးသားဟာ တစ်စုံတစ်ဦးအတွက် ကားဝယ်ယူဖို့ အာမခံထားခဲ့ပြီး ဘတ်ငွေ သိန်း ပေါင်းများစွာ အကြွေးတင်ခဲ့ပါတယ်။ 

သူတို့ရဲ့ငွေကြေးအခက်အခဲကို သက်သာစေဖို့အတွက် ဇနီးဖြစ်သူက လိမ်လည်သူတွေ တီထွင်ထားတဲ့ ငွေချေးအက်ပ်တစ်ခုမှတစ်ဆင့် ဘတ်ငွေ (၁.၇) သန်း လိမ်လည်ခံခဲ့ရတာပါ။

ဒီလို ငွေကြေးဆုံးရှုံးမှုကြောင့် ခင်ပွန်းဖြစ်သူက လူသတ်မှုနဲ့ မိမိကိုယ်ကို သတ်သေဖို့ တွန်းအား ဖြစ်စေခဲ့ပြီး သူကတော့ အသက်ရှင် ကျန်ရစ်ခဲ့ပေမယ့် သူ့ရဲ့လည်ပင်းနဲ့လက်ကောက်ဝတ်မှာ ဓါးနှင့်ပြတ်ရှဒဏ်ရာတွေနဲ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ 

ကောစင်တာလိမ်လည်ဂိုဏ်းမှ အဖွဲ့ဝင် (၃၀) ထဲမှာ အဲဒီလေးဦးအပြင် (၁၆) ဦး ဖမ်းဆီးခံထားရ ပြီး ပရောက်စီ ဘဏ် အကောင့်ပိုင်ရှင်တွေ၊ ငွေထုတ်ယူမှုအတွက် တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပရောက် စီအကောင့်စာရင်းကို ထိန်း သိမ်းထားသူတွေ၊ လိမ်လည်သူတွေနဲ့ အရေးကြီးတဲ့ တရုတ်နိုင်ငံမှ ကြီးကြပ်သူ (၂) ဦးတို့ ပါဝင်ကြောင်း ဘန် ကောက်ပို့စ်သတင်းစာက ဖော်ပြထားတာပါ။ 

ကျန်သံသယရှိသူတွေကို အာဏာပိုင်တွေက အပူတပြင်းလိုက်လံရှာဖွေနေကြောင်း ရဲအရှာရှိက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.