September 10, 2023

ပုလောမှာ လက်နက်ကြီးကျလို့ ဒေသခံ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

ပုလော၊ စက်တင်ဘာ(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပုလောချောင်းဝမှာ ရပ်နားထားတဲ့ စစ်ကောင်စီရေတပ်သင်္ဘောကနေ လက္ကူး၊ မြဒေါင်နဲ့ပြင်ဖြူကျေးရွာတွေထဲကို တိုက်ပွဲ မရှိဘဲ လက်နက်ကြီး…

ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တိုးပွားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ပြော

ညောင်လေးပင်၊ စက်တင်ဘာ(၁၀) မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတာကို မြင်တွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပြောဆိုပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ပညာရေးကို အကြမ်းဖက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရေးနေ့”အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ရေးနည်းဗျူဟာတစ်ခုအနေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်တဲ့လုပ်ရပ်တွေကို…

လူဦးရေနှစ်သန်းနီးပါး မရေရာတဲ့အခြေအနေတွေနဲ့ နေရပ်စွန့်ခွာစစ်ရှောင်နေရ

စစ်ကိုင်း၊ စက်တင်ဘာ(၁၀) အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒသမ ၉ သန်းကျော်ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး နိုင်ငံရဲ့ရှိရင်းစွဲ…

နိုင်ငံတောင်ပိုင်းဒေသမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်

ထားဝယ်၊ စက်တင်ဘာ(၁၀) မကြာခင် ရောက်ရှိတော့မယ့် ပွင့်လင်းရာသီမှာ နိုင်ငံတောင်ပိုင်းဒေသအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံမြေပုံရဲ့ တောင်ပိုင်းဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဟာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာမှာ…

ဖာပွန်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ ကျောင်းသားတွေအပါအဝင် ၄ ဦး သေဆုံး၊ ၆ ဒဏ်ရာရ

ဖာပွန်၊ စက်တင်ဘာ(၁၀) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ ထီးဂေါ်ထာရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ လူသောမြို့နယ်ထဲမှာရှိတဲ့…