မနီလာ – စက်တင်ဘာ(၉) 

ဆန်စျေးနှုန်းမြင့်တက်လာချိန်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံခြုံရေးကို သေချာနိုင်စေဖို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အစိုးရတို့ဟာ (၅)နှစ်စာ ဆန်စပါး ကုန်သွယ်ရေး သဘောတူညီမှုကို ရေးဆွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကြေညာချက်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင် သမ္မတတို့ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုနောက်ဆက်တွဲအဖြစ် ထွက်ပေါ် လာတာပါ။ 

“ကျွန်ုပ်တို့ ၂ နိုင်ငံအနေဖြင့် ဖိလစ်နိုင်ငံအတွင်းမှာ စားနပ်ရိက္ခာလုံခြုံ‌ရေးကို သေချာစေဖို့ ကျွန်ုပ်တို့ရဲ့ ဆန်စပါးတင်ပို့မှုကို ပတ်သက်တဲံ သဘောတူညီချက်တစ်ရပ် ကို အဆုံးသတ် သွားမှာပါ။ အနည်းဆုံး ၅ နှစ် အထိ ကာလရှည်ကြာ ဆန်စပါးကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှုနှင့် ပတ်သက်တဲ့ တည်ငြိမ်တဲ့ မူဘောင်တစ်ရပ်ကို ထွက်ပေါ် လာဖို့ မျှော်လင့်ပါတယ်။ ကျွန်ုပ်တို့ ထွက်ကုန်များအတွက် ကျွန်ုပ်တို့ သေချာစေနိုင်သလို ဖိလစ်ပိုင်အနေဖြင့် ‌ဗီယက်နမ်မှ တင်သွင်းကုန်များ ကို စိတ်ချနိုင်မှာပါ” လို့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင် သမ္မတတို့ကပြော ခဲ့ပါတယ်။

မစ္စတာ မားကိုစ့်က ဖိလစ်ပိုင်အနေနဲ့ အယ်နီရာသီဥတုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲမိုးခေါင်တဲ့ အခြေအနေကြောင့် စားနပ်ရိက္ခာလုံခြုံရေးအတွက် ဒီသဘောတူညီမှုကို မျှော်လင့်နေသလို အပြန်အလှန်ဖလှယ်နိုင်မယ့် အခြေအနေတစ်ရပ်ပါဝင်တဲ့ သဘောတူညီမှု ထွက်ပေါ်လာဖို့ မျှော်လင့်နေတယ်လို့ ဆိုထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ်နဲ့ ဆန်စပါးအပေးအယူကိစ္စကို ပြီးခဲ့တဲ့ ဩဂုတ်လတည်းက စတင် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံဟာ ဆန်စပါးကို ပြည်ပသို့ တင်ပို့ကြတဲ့ အိန္ဒိယနဲ့ ထိုင်း ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်ခဲ့တာပါ။ 

ဖိလစ်ပိုင်အစိုးရ စိုက်ပျိုးရေးကဏ္ဍအကြီးတန်းအတွင်းဝန်က ဆန်စပါးထပ်ဆောင်းတန်ချိန်(၃) သိန်းမှ(၅) သိန်းအထိ ဗီယက်နမ်နိုင်ငံမှ အထူးလျှော့စျေးနဲ့ တင်သွင်းနိုင်မှာဖြစ်တယ်လို့ ပြောပါ တယ်။

အိန္ဒိယဟာ ကမ္ဘာ့ဆန်စပါး ကုန်သွယ်မှု(၄၀) ရာခိုင်နှုန်းအထိ ပံ့ပိုးထားနိုင်ပြီး ပြည်တွင်း ဆန်စျေး နှုန်းထိန်းချုပ်နိုင်ဖို့ ပြည်ပတင်ပို့မှု ဖြတ်တောက်လိုက်တဲ့အတွက် ကမ္ဘာ့စျေးနှုန်းတွေဟာ (၁၅) နှစ် အကြာမှာ မြင့်မားလာပြီး ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ ငွေကြေးဖောင်းပွမှု ကျယ်ပြန့်လာတဲ့ အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.