Police officers stand behind barricades on an empty road ahead of the G20 Summit in New Delhi, India, September 8, 2023. REUTERS/Amit Dave

နယူးဒေလီ – စက်တင်ဘာ(၉)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ G-20 ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး ဝန်ထမ်း ထောင် ပေါင်းများစွာ ချထားတာကြောင့် ကျောင်းနဲ့ စျေးတာတွေအပါအဝင် သွားလာမှု ကန့်သတ်ထား တာကြောင့် မြို့တော်ဟာ စက်တင်ဘာလ(၈) ရက်နေ့မှာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ(၇) ရက်နေ့ညသန်းခေါင်ကစပြီး တရားဝင်ကန့်သတ်မှုတွေ အသက်ဝင်ခဲ့တာ ဖြစ်ကာ (၈) ရက်နေ့ မနက်ပိုင်းမှာ G-20 အဖွဲ့ခေါင်းဆောင်တွေ ရောက်ရှိလာကြမှာဖြစ်တယ် လို့သိရပါတယ်။ 

အဲဒီအခမ်းအနားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျာမန်အဓိပတိ အိုလက်ဖ်စကော့၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မာကါန်၊ ဆော်ဒီနိုင်ငံက မိုဟာမတ် ဘင်ဆာမန်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ တက်ရောက်ကြမှာဖြစ်ပါတယ်။ 

နယူးဒေလီမြို့ဟာ ပုံမှန်အခြေအနေမှာ လူသန်း(၂၀) နီးပါးသွားလာနေတဲ့ မြို့ဖြစ်ပေမယ့် လုံခြုံရေး တင်းကျပ်ပြီးနောက်မှာတော့ သွားလာသူကင်းမဲ့သွားပြီဖြစ်တယ်လို့ ရိုက်တာကို မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ 

ရဲတပ်ဖွဲ့နဲ့ အရံလုံခြုံရေးတပ်ဖွဲ့ဝင်(၁၃၀၀၀၀) နီးပါးဟာ နယူးဒေလီခရိုင်မှာ အများစုနေရာယူ ထားပြီး မြို့အနှံ့ ဝေဟင်က ခြိမ်းခြောက်မှုတွေကို လေတပ်က အကာအကွယ်ပေးနေတာပါ။

မြို့တော် အာဏာပိုင်တွေကတော့ ထိပ်သီးအစည်းအဝေးကျင်းပမယ့် နေရာအနီးက ဆင်းရဲသား ရပ်ကွက်တွေကို လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြိုဖျက်ခဲ့ကာ မျောက်တွေကို ခြောက်လှန်ဖို့နဲ့ ခွေးလေ ခွေးလွင့်တွေကို ဖယ်ရှားဖို့လည်း လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

ကိုလိုနီခေတ်အဆောက်အအုံပုံစံနဲ့ မြို့တော်ရဲ့ ထိပ်တန်း အထင်ကရ စီးပွားရေးဆိုင်ရာ စင်တာ 

Connaught Place စျေးဝယ်နေရာအပြင် နာမည်ကြီး ခမ်မားကတ်မှာ စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားခဲ့ပြီး ဆိုင်ရှင်တွေရဲ့ သုံးရက်တာ ပိတ်သိမ်းမှုကြောင့် ရူးပီး(၄) ဘီလျံနီးပါး ဆုံးရှုံးဖွယ်ရှိတယ်လို့ ဒေသတွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

“ခမ်မားကတ် ကဲ့သို့သော မြို့အထင်ကရနေရာသို့ ဂုဏ်သရေရှိများလာရောက်လည်ပတ်ကြတာ ပုံမှန်ဘဲဖြစ်တယ်” လို့ခမ်းဈေးကုန်သည်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ 

G-20 ကိုယ်စားလှယ်တွေအတွက် အမှတ်တရ လက်ဆောင်တွေ ပြင်ဆင်နေပေမယ့် အစိုးရက စျေးဆိုင်တွေကို ပိတ်ပစ်ဖို့ တောင်းဆိုထားပေမယ့် တိုးတက်လာတဲ့ စီးပွားရေးအတွက် လုပ်ငန်း တွေကို ပုံမှန်အတိုင်း လည်ပတ်ခွင့်ပေးလိုက်တာ ပိုကောင်းမွန်တယ်လို့ သူက ပြောပါသေးတယ်။ 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကတော့ ထိပ်သီးအစည်းအဝေးပွဲ ကန့်သတ်ချက်တွေကြောင့် အဆင် မပြေမှုအခြေအနေကို ခံနိုင်ရည်ရှိဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က မြို့ခံတွေကို မေတ္တာရပ်ခံထားပါ တယ်။ 

“တစ်နိုင်ငံလုံးက အိမ်ရှင်ဖြစ်ပေမဲ့ G20 ထိပ်သီးအစည်းအဝေးအတွက် ဒေလီက အမြင့်ဆုံး တာဝန်ယူမှာပါ၊ ကမ္ဘာတဝှမ်းက ဧည့်သည်တွေ များလာတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်၊ သူတို့ရင်ဆိုင်ရမယ့် ပြဿနာအတွက် ဒေလီနိုင်ငံသားတွေဆီက ခွင့်လွှတ်ဖို့ တောင်းဆိုပါတယ်” လို့ မိုဒီက ပြောခဲ့ပါတယ်။ 

ဒေလီရဲတပ်ဖွဲ့က အများပြည်သူတွေအတွက် ယာည်အသွားအလာဆိုင်ရာ အကြံပြုချက်တွေနဲ့ လမ်းကြောင်းမြေပုံတွေနဲ့ နေ့စဉ်ထုတ်ဝေနေတဲ့ သတင်းစာကြော်ငြာတွေမှာ “အိန္ဒိယဟာ (၁၈) ကြိမ်မြောက် G-20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းအတွက် ဂုဏ်ယူမိပါသည်” လို့ ဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.