လန်ဒန်၊ စက်တင်ဘာ(၇) 

ရုရှားရဲ့ ကြေးစားစစ်တပ် ဝဂ်နာအဖွဲ့အား ဗြိတိန်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ ဒါမှမဟုတ် ထောက်ပံ့ဖို့ တရားမဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ပါလီမန်ရှေ့မှောက်မှာ တင်သွင်းရမယ့် အမိန့်မူကြမ်းဟာ ဝဂ်နာရဲ့ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်ပစ္စည်းအဖြစ် အမျိုးအစားခွဲကာ သိမ်းဆည်းနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

 ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူလာဘရေဗာမန်းက ဝဂ်နာအဖွဲ့အား “ကြမ်းတမ်းပြီး အဖျက်သဘောဆောင်ကာ ရုရှားနိုင်ငံရပ်ခြားမှာ ဗလာဒီမာပူတင်ရဲ့ စစ်လက်နက်အဖြစ် လုပ်ဆောင်ခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတစ်ဝှမ်းမှာ ဝဂ်နာအဖွဲ့ဟာ လုယက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကြမ်း တမ်းတဲ့ လူသတ်မှုတွေမှာ ပါဝင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

 “သူတို့က အကြမ်းဖက်သမားတွေ၊ ဒီအမိန့်စာက ယူကေဥပဒေမှာ ရှင်းလင်းစွာဖော်ပြထားတယ်” လို့ သူက ဆိုခဲ့ပါတယ်။ အဲဒီအမိန့်ဟာ စက်တင်ဘာ (၁၃) ရက်မှာ အသက်ဝင်မယ်လို့ မျှော်လင့်ရပြီး အကြမ်းဖက်အဖွဲ့အဖြစ် ဒါမှမဟုတ် ကြေညာဖို့ ၊ စုဝေးမှုများစီစဉ်တာ ဒါမှမဟုတ် မိန့်ခွန်းပြောကြားတာနဲ့ အဖွဲ့ရဲ့အမှတ်တံဆိပ်ကို အများပြည်သူနေရာသို့ ယူဆောင်လာပါက ရာဇဝတ်မှုဖြင့် ထောင်ဒဏ် (၁၄) နှစ်အထိ ချမှတ်နိုင်တာလည်း ဖြစ်ပါတယ်။ အတိုက်အခံ လေဘာပါတီရဲ့ နိုင်ငံခြားရေးရာ မူဝါဒရေးရာ အကြီးအကဲ ဒေးဗစ်လမီက အဲဒီ လှုပ်ရှားမှုဟာ ကြာနှောင်းနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။ 

“အခု အစိုးရအနေနဲ့ ပူတင်ရဲ့ရန်လိုတဲ့ ရာဇဝတ်မှုတွေအတွက် တရားစွဲဖို့ အထူးခုံရုံးကို ဖိအားပေးသင့်ပါတယ်” လို့ ယခင်က Twitter လို့ လူသိများတဲ့ X ပလက်ဖောင်းမှာ သူက ရေးသားခဲ့ပါတယ်။

 ဝဂ်နာကြေးစားအဖွဲ့ဟာ ဆီးရီးယား၊ လစ်ဗျားနဲ့ အာဖရိကမြောက်ပိုင်း၊ အနောက်ဘက်တစ်ခွင်ရှိ နိုင်ငံအများ အပြားမှာ လှုပ်ရှားဆောင်ရွက်လျက်ရှိနေတာပါ။ 

အဲဒီအဖွဲ့ဟာ ယူကရိန်းမှာ တိုက်ခိုက်ဖို့အတွက် ရုရှားအ ကျဉ်းထောင်တွေကနေ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို ခေါ်ယူခဲ့ပြီး ရုရှားရဲ့ ၂၀၂၂-၂၃ ဆောင်းရာသီ ထိုးစစ်အတွက် အဓိက ချေမှုန်းရေး တပ်ဖွဲ့ကို ပံ့ပိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုနှစ် ဇွန်လမှာ ဝဂ်နာအဖွဲ့ဟာ ရုရှားမှာ အကျဉ်းချုံးပုန်ကန်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး သမ္မတ ဗလာဒီမာပူ တင်က နိုင်ငံတော်ပုန်ကန်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။ 

သြဂုတ်လ ၂၃ ရက်နေ့မှာတော့ အဲဒီအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်းနဲ့ ထိပ်တန်းအရာရှိတွေဟာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။

 ဗြိတိန်နိုင်င်ငံအနေနဲ့ ပရီဂိုဇင်းကို ၂၀၂၀ ခုနှစ်မှာ ပိတ်ဆို့အရေးယူခဲ့ပြီး ဝဂ်နာအဖွဲ့တစ်ခုလုံးကို မတ်လမှာ ထပ်မံပိတ်ဆို့ခဲ့တာပါ။ 

အခုနှစ် ဇူလိုင်လမှာတော့ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ မာလီနှင့် ဆူဒန်ရှိ အဖွဲ့နှင့် ချိတ်ဆက်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.