မော်လမြိုင် – စက်တင်ဘာ(၆)

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာခြင်း(၂) နှစ်ပြည့်အဖြစ် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အခြေပြ မိန့်ခွန်းကို စက်တင်ဘာလ(၇) ရက်နေ့ မနက်(၈) နာရီမှာ ပြောကြားဖို့ရှိတယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ(၇) ရက်နေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်စစ် ကြေညာခဲ့တာ (၂) နှစ်မြောက်ပြည့်တဲ့ရက်ဖြစ်ပါတယ်။

နိုင်ငံတော် ယာယီသမ္မတရဲ့မိန့်ခွန်းကို Acting President Duwa Lashi La ၊ National Unity Government of Myanmar ၊ Public Voice Television နဲ့ Radio NUG စတဲ့ လူမှုကွန်ရက် စာမျက်နှာ တွေမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.