ကရာချီ – စက်တင်ဘာ(၇)
ဆော်ဒီအာရေဗျ နိုင်ငံက ပါကစ္စတန်ရဲ့ ကဏ္ဍစုံမှာ (၂) နှစ်ကနေ (၅) နှစ်အတွင်း အမေရိကန်ဒေါ် လာ (၂၅) ဘီလျံ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပြီး ပုဂ္ဂလိက ကဏ္ဍဖြစ်ပေါ်ရေးကိုလည်း ပြန်လည် အသက်သွင်းသွားဖို့ ရှိတယ်လို့ ပါကစ္စတန်အိမ်စောင့်အစိုးရက ပြောပါတယ်။
နိုင်ငံရဲ့ ကြွေးမြီးတွေကို ကုစားနိုင်ဖို့ ဇူလိုင်လအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီက အတည်ပြုရရှိထားတဲ့ အမေရိကန်ဒေါ်လာ (၃) ဘီလျံ ချေးငွေနောက်ဆက်တွဲမှာ ပါကစ္စတန်ဟာ စီးပွားရေးပြန်လည်ဦးမော့လာဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။
ဆော်ဒီအာရေးဗျနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှဦ ကျောက်မိုင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတင်း အချက်အလက် နည်းပညာကဏ္ဍတွေပါဝင်ပြီး ပါကစ္စတန်မှာ ပြည်ပရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကို တိုးမြှင့်လုပ်ဆောင်တာဖြစ်တယ်လို့ မစ္စတာ ကကာ က သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျအစိုးရဆီကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဆော်ဒီနိုင်ငံက အမေရိကန်ဒေါ်လာ (၂၅) ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပါကစ္စတန်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အတည်ပြုခဲ့ပါက အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာမှာပါ။
ပါကစ္စတန်ဟာ ပေးချေမှု အကျပ်အတည်းတွေကို ရင်ဆိုင်နေရပြီး လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှဒ လိုငွေနဲ့ နိုင်ငံတကာ ကြွေးမြီးတွေကို ပြန်ဆပ်ဖို့ လုပ်ငန်းတွေအတွက် နိုင်ငံခြားငွေ ဖလှယ်ဖို့ ဒေါ်လာ ဘီလျံနဲ့ချီလိုအပ်နေတယ်လို့ သိရပါတယ်။
မစ္စတာ ကကာက နောက်(၆)လအတွင်း ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းတွေကို ဖြေလျှော့ရေး အပေး အယူ(၂) ခုကို အဆုံးသတ်ဖို့ တွန်းအားပေးမှာဖြစ်ပြီး နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း ကိုလည်း စတင်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားကာ စွမ်းအင်ကဏ္ဍအပြင် တခြားသော အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ကာလကြာရှည်စွာ စိုးရိမ်ပူပန်စရာတစ်ခုဖြစ်ခဲ့ ပြီး ရုန်းကန်နေရတဲ့ အစိုးရပိုင် Pakistan International Airlines ကိုပင် ပုဂ္ဂလိကပိုင်စာရင်းထဲ မကြာသေးမီက ထပ်မံထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
ရွေးကောက်ခံ အစိုးရတွေရဲ့ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ပြဿနာတစ်ခုဖြစ်တဲ့ အစိုးရပိုင် ပစ္စည်းတွေကို ပြင်ပမှာ ရောင်းချတာနဲ့အတူ နိုင်ငံအတွင်း ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး လုပ်ငန်း စဉ်ဟာ အကြီးအကျယ်ရပ်တန့်သွားခဲ့ရတယ်လို့ သိရပါတယ်။
Ref:The Straits Times