ဂျာကာတာ – စက်တင်ဘာ(၇) 

အာဆီယံဗဟိုပြု အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် တစ်ခုတည်းသော အဖြေ ဟာ ရှိရင်းစွဲအင်အားကို အသုံးချဖို့နဲ့ ဗျူဟာမြောက်စံတန်ဖိုးကို အခိုင်အမာ ရရှိရေးအတွက် ပြည်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရမယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်မ် ကပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စက်တင်ဘာလ(၅) ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာနဲ့ ဒေသဆိုင် ရာ ကိစ္စရပ်တွေကို ပြန်လည်သုံးသပ်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တက်ရောက် ချိန်မှာ ချင်မ်က အခုလိုပြောခဲ့တာပါ။

နိုင်ငံကြီးတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ အာဆီယံနိုင်င့တွေဟာ လွတ်လပ်မှု၊ ကိုယ့်အား ကိုယ်ကိုးမှု၊ မိမိကိုယ်ကို ခံနိုင်ရည်ရှိစေမှုနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာရမယ့် စိတ်ဓာတ်နဲ့ အခြေခံမှုတွေ၊ ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ပြိုင်ဆိုင်မှဒကို အခြေပြုချိန်မှာ အာဆီယံအနေနဲ့ အဓိက နိုင်ငံတွေနဲ့ ဗျူဟာမြောက် ဟန်ချက်ညီ အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပြီး ပွင့်လင်းမြင်သာမှုရှိကာ အားလုံးပါဝင်တဲ့ ဒေသဆိုင်ရာ ဖွဲ့စည်းပုံတည်ဆောက်မှုပန်းတိုင်ကို စဉ်ဆက်မပြတ် လိုက်လျှောက်နေချိန်မှာ ဆက်ဆံရေးနဲ့ အကျိုးစီးပွားတွေကို ထိန်းညှိပြီး ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ယုံကြည်စိတ်ချရ သော တံတား တစ်စင်းဖြစ်လာရမှာလို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အစုအဖွဲ့အနေနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်သက် ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အခြေခံကျတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ် တယ်လို့ သူက ပြောပါသေးတယ်။  

ကမ္ဘာနဲ့ ဒေသဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အာဆီယံဟာ အရှေ့ ပင်လယ်မှာ သူတို့ရဲ့ ဘုံရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့နဲ့ ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

အရှေ့ပင်လယ်ပြင်ကို ထိန်းကျောင်းရေး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေး၊ နိုင်ငံ တကာ ဥပဒေကို လေးစားလိုက်နာဖို့နဲ့ ၁၉၈၂ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) စတဲ့ အခြေခံမူတွေကို လေးစားလိုက်နာဖို့လည်း မိတ်ဖက်တွေကို တိုက်တွန်းခဲ့ပါ တယ်။ 

အာဆီယံအနေနဲ့ အရှေ့ပင်လယ်ပြင်ရှိ နိုင်ငံတွေရဲ့ ကျင့်ဝတ်ကြေညာစာတမ်း(DOC) ကို အပြည့် အဝ ထိရောက်စွာ အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ လက်တွေ့ကျပြီး ထိ ရောက်တဲ့ ကျင့်ထုံးဥပဒေ(COC) ကိုတည်ဆောက်ဖို့ ကြိုးပမ်းသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေအနေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးနဲ့ မြန်မာနိုင်ငံ ပြဿနာအတွက် ကျယ်ပြန့် ပြီး ရေရှည်တည်တံ့ခိုင်မဲတဲ့ ဖြေရှင်းချက်ဆီကို ဦးတည်ဆောင်ရွက်သွားဖို့ အားပေးထောက်ခံ တယ်လို့ သူက ဆက်ပြောပါတယ်။ 

အာဆီယံသဘာပတိအဖြစ် အင်ဒိုနီးရှားရဲ့ အထူးသံတမန်ကို ဒေသတွင်း ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို အခြေခံပြီး အစုအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်ရာမှာလည်း ဝန်ကြီးချုပ် ကထောက်ခံ ပြောဆိုခဲ့ပါတယ်။ 

Ref:VNA 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.