September 6, 2023

ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ အာဆီယံကို စစ်ကောင်စီ သတိပေး

နေပြည်တော် – စက်တင်ဘာ(၆) အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်တွေနဲ့ အခြေခံမူတွေကို တိကျစွာ လေးစားလိုက်နာပြီး အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်(၅) ချက်အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံ…

ပြည်သူ့ခုခံတွန်းလှန်စစ် ကြေညာခြင်း(၂)နှစ်ပြည့် နိုင်ငံတော်ယာယီသမ္မတ မိန့်ခွန်းပြောမယ်

မော်လမြိုင် – စက်တင်ဘာ(၆) အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာခြင်း(၂) နှစ်ပြည့်အဖြစ် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အခြေပြ မိန့်ခွန်းကို စက်တင်ဘာလ(၇) ရက်နေ့ မနက်(၈) နာရီမှာ ပြောကြားဖို့ရှိတယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ(၇) ရက်နေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်စစ် ကြေညာခဲ့တာ (၂) နှစ်မြောက်ပြည့်တဲ့ရက်ဖြစ်ပါတယ်။ နိုင်ငံတော် ယာယီသမ္မတရဲ့မိန့်ခွန်းကို…

မြန်မာနောင်း သတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်တပ်က အလုပ်ကြမ်းနဲ့ ထောင်အနှစ်(၂၀) ချ

မော်လမြိုင် – စက်တင်ဘာ(၆) မြန်မာနောင်း သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ခုံရုံးက အလုပ်ကြမ်း နဲ့ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်ချိန်မှာ သတင်းသွားယူတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ(၆) ရက်နေ့မှာ အလုပ် ကြမ်း နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ “သတင်းထောက်လုပ်တဲ့သူကို…

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦး နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်ခေါင်းဆောင်ကနိုင်ငံတကာကြားကောင်းအောင်ပြောနေမှာ။ဒါပေမယ့်ကျွန်တော်တို့နိုင်ငံကလက်ရှိတော့မဖြစ်နိုင်ပါဘူး” အရေးပေါ်သက်တမ်း (၆) လ ထပ်တိုးယူထားတဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေပြီးမှသာ ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ စက်တင်ဘာလ(၁)ရက်နေ့မှာ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲအတွက် စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာဒေသတွေဆီ ရောက်ရှိရင် လူဦးရေစာရင်းကောက်ယူမှုတွေ စောလျင်စွာ ပြုစုပြီးစီး နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့…

ရုရှားနိုင်ငံက ဝဂ်နာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်ကြေညာ

လန်ဒန်၊ စက်တင်ဘာ(၇) ရုရှားရဲ့ ကြေးစားစစ်တပ် ဝဂ်နာအဖွဲ့အား ဗြိတိန်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ ဒါမှမဟုတ် ထောက်ပံ့ဖို့ တရားမဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပါလီမန်ရှေ့မှောက်မှာ တင်သွင်းရမယ့် အမိန့်မူကြမ်းဟာ ဝဂ်နာရဲ့ပိုင်ဆိုင်မှုတွေကို အကြမ်းဖက်ပစ္စည်းအဖြစ် အမျိုးအစားခွဲကာ သိမ်းဆည်းနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူလာဘရေဗာမန်းက ဝဂ်နာအဖွဲ့အား “ကြမ်းတမ်းပြီး…

ပါကစ္စတန်မှာ နောက်ငါးနှစ်အတွင်း ဆော်ဒီကဒေါ်လာ (၂၅) ဘီလျံရင်းနှီးမြှုပ်နှံဖို့ရှိနေ

ကရာချီ – စက်တင်ဘာ(၇) ဆော်ဒီအာရေဗျ နိုင်ငံက ပါကစ္စတန်ရဲ့ ကဏ္ဍစုံမှာ (၂) နှစ်ကနေ (၅) နှစ်အတွင်း အမေရိကန်ဒေါ် လာ (၂၅) ဘီလျံ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပြီး ပုဂ္ဂလိက ကဏ္ဍဖြစ်ပေါ်ရေးကိုလည်း ပြန်လည် အသက်သွင်းသွားဖို့ ရှိတယ်လို့ ပါကစ္စတန်အိမ်စောင့်အစိုးရက ပြောပါတယ်။ နိုင်ငံရဲ့ ကြွေးမြီးတွေကို ကုစားနိုင်ဖို့ ဇူလိုင်လအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီက…

စည်းလုံးညီညွတ်မှု အားကောင်းဖို့ ဗီယက်နမ်ဝန်ကြီးချုပ် တောင်းဆို

ဂျာကာတာ – စက်တင်ဘာ(၇) အာဆီယံဗဟိုပြု အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် တစ်ခုတည်းသော အဖြေ ဟာ ရှိရင်းစွဲအင်အားကို အသုံးချဖို့နဲ့ ဗျူဟာမြောက်စံတန်ဖိုးကို အခိုင်အမာ ရရှိရေးအတွက် ပြည်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရမယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်မ် ကပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စက်တင်ဘာလ(၅) ရက်နေ့က…

စစ်ကိုင်းဖိုရမ်ပြောခွင့်ရ ကိုလွမ်းသူ နဲ့ ဆက်သွယ်မေးမြန်းချက်

“အာဆီယံလူထုဖိုရမ်ကနေပြီးတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာ ပထမတစ်ခုကတော့ သူ့အတွက် ဂုဏ်သိက္ခာအရ ပထမကျဆင်းသွားတယ်ပေါ့။ သံတမန်ရေးရာအရလည်း နောက်ဆက်တွဲတွေ အကျိုးဆက်တွေ ရှိလာနိုင်မယ်” အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာပါ။ အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အရ မြန်မာစစ်တပ်ဟာ…