မနီလာ – စက်တင်ဘာ(၆) 

မြန်မာ့စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်နိုင်မယ့်အရေး ရုန်းကန်နေရချိန်မှာ ဖိလစ်ပိုင်က လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စား အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးရယူဖို့ အသင့်ရှိနေပြီ ဖြစ်တယ်လို့ သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ သမ္မတမားကိုစ့်က “ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့အဆင်သင့်ရှိကြောင်း ကြေငြာလိုပါတယ်။ ကျွန်ုပ်တို့စုဖွဲ့မှု၏ အခြေခံ အုတ်မြစ်များကို ခိုင်ခံ့စေပြီး ကျွန်ုပ်တို့သည် အာဆီယံကို စာမျက်နှာသစ်ကို စတင်နိုင်ရေး ဦးတည်သွားပါမယ်” လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံထံ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းယူရမယ့်ကိစ္စကိုတော့ ပြော ထားတာမရှိသေးပါဘူး။ 

ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အရှေ့တောင်အာရှ သံတမန်နှစ်ဦးက ဒီဆောင် ရွက်ချက်ဟာ ခေါင်းဆောင်တွေကြားသဘောတူထားခဲ့ပြီး အာဆီယံအဖွဲ့ရဲ့ အစီအမံကို အကျပ် အတည်းမဖြစ်စေရေးနဲ့ ပြင်ပ မိတ်ဖက်တွေက မြန်မာကို ဝင်ရောက်မယ့် အခြေအနေကိုလည်း တားဆီးနိုင်တယ်လို့ ဆိုထားပါတယ်။ 

“ထို အရာကို ဆုံးဖြတ်ပြီးဖြစ်သလို ခေါင်းဆောင်များအကြား‌ ကြေငြာရာမှာလည်း ကန့်ကွက် ချက်မရှိခဲ့ဘူး” လို့ အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် သံတမန်က အာဆီယံဟာ အဲဒီနှစ်အတွက် ဥက္ကဋ္ဌရာထူးကို လက်ခံဖို့ ဖိလစ်ပိုင်ကို စာရေးသားပေးပို့ခဲ့ပြီးနောက် မနီလာအစိုးရဘက်က လက်ခံခဲ့တာဖြစ်တယ်လို့ ဆိုထားပါ တယ်။ 

အမည်မဖော်လိုသူ တခြားသံတမန်တစ်ဦဂကလည်း လွန်ခဲ့တဲ့(၂) နှစ်က သဘောတူထားတဲ့ အစီ အစဉ် (၅) ရပ်ရဲ့ တိုးတက်မှုအပေါ် ခေါင်းဆောင်တွေရဲ့ အကဲဖြတ်ချက်ကို မြန်မာစစ်ကောင်စီက လျစ်လျူရှုထားတဲ့အတွက် ဒီအပြောင်းအလဲဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပြောပါတယ်။ 

လာအိုနိုင်ငံမှာ လာမယ့်နှစ် အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး မလေးရှားက တော့ ၂၀၂၅ ခုနှစ်မှာ ဥက္ကဋ္ဌ တာဝန်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.