တိုကျို – စက်တင်ဘာ(၆) 

ဖူကူရှီးမားနျူစက်ရုံက ရေဒီယိုသတ္တိကြွရေတွေထုတ်လွှတ်ပြီးနောက် တရုတ်ရဲ့ ပင်လယ်စာတား မြစ်ချက်ကို လုံးဝလက်မခံနိုင်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ(၄)ရက်နေ့ နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ ဂျပန်ရဲ့ ရေထွက်ပစ္စည်းတင်သွင်းမှုတွေကို ဆိုင်းငံ့ထားဖို့ ဆောင်ရွက် ချက်တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကိုတရုတ်နိုင်ငံရဲ့ ဩဂုတ်လ(၃၁) ရက် နေ့သတိပေးပေးချက်ကို ချက်ချင်းရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တာပါ။

ဂျပန်အရာရှိတချို့က တရုတ်နိုင်ငံရဲ့ ပင်လယ်စာတင်သွင်းမှု တားမြစ်ချက်နဲ့ ပတ်သက်ပြီး (WTO) ထံတိုင်ကြားနိုင်ခြေရှိတယ်လို့ သိရပြီး အမေရိကန်က ထောက်ခံမယ့် ကိစ္စရပ်တွေဖြစ် တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဒီလအတွင်းအိန္ဒိယမှာ ကျင်းပ မယ့် G-20 ထိပ်သီးအစည်းအဝေးအပါအဝင် သံတမန်ဖိုရမ်တွေမှာလည်း ဂျပန်နိုင်ငံက ထုတ်လွှတ်တဲ့ ရေတွေရဲ့ ဘေးကင်းမှုကို ရှင်းလင်းသွားမှာဖြစ်တယ်လို့ ဝန်ကြီးအဖွဲ့ အတွင်းရေး မှူးချုပ် ဟီရိုကာဇူ မတ်ဆူနိုက သတင်းထောက်တွေကို ဆိုထားပါတယ်။ 

ဂျပန်-တရုတ် ခေါင်းဆောင်တွေ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဘယ်အရာမှမဆုံးဖြတ်ရသေးဘူးလို့ ဂျပန်အစိုးရပြောခွင့်ရ မတ်ဆူနိုက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ တရုတ်ဝန်ကြီးချုပ် လီချန်းတို့ဟာ အာဆီယံနဲ့ G-20 ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်သလို တရုတ်ခေါင်းဆောင်ဆောင် ရှီကတော့ အစည်းအဝေးနှစ်ခုလုံးကိုတက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) ကုန်သွယ်ရေးသဘောတူစာချုပ်ပါ ပြဌာန်းချက်တွေအပေါ် အခြေခံပြီး တင်သွင်းခွင့်တားမြစ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တရုတ်ကို တောင်းဆိုထားတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။ 

မော်တော်ကားထုတ်လုပ်မှုတွေနဲ့ လွှမ်းမိုးထားတဲ့ ဂျပန်ရဲ့ ကမ္ဘာ့ကုန်သွယ်မှုမှ(၁)ရာခိုင်နှုန်း အောက်သာရှိတဲ့ ရေထွက်ကုန်တွေနဲ့ ၂၀၂၂ ခုနှစ်မှာ ဂျပန်ဟာ အမေရိကန်ဒေါ်လာ သန်း(၆၀၀) တန်ဖိုးရှိတဲ့ ရေထွက်ကုန်တွေကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး အဲဒီအခြေအနေဟာ ဟောင်ကောင် ပြီးနောက် အကြီးဆုံးစျေးကွက်ဖြစ်လာခဲ့တာပါ။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.