ဖနွမ်းပင် – စက်တင်ဘာ(၆) 

ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနတ်ဟာ လာမယ့်၂၀၅၀ မှာ ဝင်ငွေအမြင့်ဆုံးရရှိတဲ့ နိုင်ငံဖြစ်အောင် မြှင့်တင်သွားမယ်လို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာဖိုရမ်တစ်ခုမှာ ပြောခဲ့ ပါတယ်။

နိုင်ငံကို တဖက်သတ်ဥပဒေတွေနဲ့အုပ်ချုပ်တဲ့ ဖခင်ဖြစ်သူဆီက အာဏာလွှဲပြောင်းရယူထားတဲ့ ဟွန်မာနက်ဟာ အသက်(၄၅) နှစ်အရွယ်ရှိသူဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံစီးပွားရေးဖိုရမ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံကို ၂၀၅၀ ခုနှစ်မှာ ဝင်ငွေအမြင့်ဆုံးနိုင်ငံဖြစ်လာစေဖို့အတွက် ခရီးမိုင်တိုင်တွေကို အောင်မြင်ဖို့ ရခဲလှတဲ့ ငြိမ်းချမ်းရေးရဲ့ သဘောဝကို စောင့်ရှောက်ဖို့နဲ့ အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေး အရှိန်အဟုန်မြှင့်တင်ဖို့ အစီအစဉ်ကို ချပြခဲ့တာပါ။ 

အဲဲဒီမျှော်မှန်းချက်မှာ လူသားအရင်းအမြစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ အားလုံးပါဝင်ရေး၊ ရေရှည် တည်တံ့ရေးကို တည်ဆောက်ဖို့ ကိစ္စတွေပါဝင်တယ်လို့ သိရပြီး အဲဒီအရာကို ပင်တဂွန်မဟာဗျူ ဟာလို့ ညွှန်းဆိုခဲ့ပါတယ်။

နိုင်ငံဟာ တချိန်က စစ်ပွဲတွေအတွင်း ရာစုနှစ်ချီမျောပါခဲ့ပေမယ့် လက်ရှိမှာတော့ ဝင်ငွေအလယ် အလတ်ရှိတဲ့ နိုင်ငံအဖြစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု(၇) ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ဆိုပါတယ်။

အင်အားကြီးနိုင်ငံတွေအကြား ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှု တင်းကျပ်လာတာကို သိရှိ သလို အာဆီယံတစ်ခုလုံးအတွက် ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ သာယာဝပြောရေးကို ဖိအားပေး သလို ဖြစ်နေတယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဝန်ကြီးချုပ်ဟွန်မာနတ်က ပြောပါတယ်။  

“စစ်ပွဲကို စစ်ပွဲနှင့်ဖြေရှင်း၍ မရ” ဟူသော တွေ့ရှိချက်အရ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို အင်အာသုံးရန် ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန်အတွက် အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်း များကို တောင်းဆိုခဲ့ပြီး အာဆီယံနှင့် ကုလသမဂ္ဂသည် “လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးရေးနဲ့ ဝင်ရောက်မစွက်ဖက်ရေး စိတ်အတိုင်း လိုက်နာကျင့်သုံးရမည်” လို့ ပြောခဲ့ပါ တယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.